Connect with us

Politics, Law & Military

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံစုံဝါဒ၏ စံနမူနာအဖြစ် တောက်ပကြပါစို့ဟု တရုတ်သမ္မတ နှင့် ဆီနီဂေါ သမ္မတပြောကြား

ဆီနီဂေါနိုင်ငံသမ္မတ Macky Sall အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ် နှင့် အာဖရိက နှစ်ဖက်စလုံးသည် အမျိုးမျိုးသော အန္တရာယ်များ နှင့် စိန်ခေါ်မှုများကို အောင်မြင်စွာကျော်ဖြတ်နိုင်ရေး လက်တွဲကာ စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရန် အသင့်ရှိကြောင်း နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံစုံပါဝင်ရေးဝါဒ ၊ အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းမှု နှင့် win-win အတွက် တောက်ပသော စံနမူနာတစ်ခုအဖြစ် ဆောင်ရွက်ကြပါစို့ဟု တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု(FOCAC) ဖိုရမ်၏ ပူးတွဲသဘာပတိ ဆီနီဂေါနိုင်ငံသမ္မတ Macky Sall က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု(FOCAC) ဖိုရမ် တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားသို့ပေးပို့သော နှစ်ဖက်ခေါင်းဆောင်များ၏ ပူးတွဲ ဂုဏ်ပြု သဝဏ်လွှာတစ်စောင်ထဲတွင် နှစ်ဖက်စလုံးအနေဖြင့် ထုထည်ကြီးမားသော ညှိနှိုင်းဆွေးနွေးမှု ၊ လက်တွဲပူးပေါင်းပါဝင်မှု နှင့် အကျိုးအမြတ်မျှဝေမှုများ ၊ ဖိုရမ်၏ ယန္တရားကို မြှင့်တင်ခြင်းနှင့် အချိန်တိုင်း အရည်အသွေးမြင့်မားအောင် ဆောင်ရွက်ခြင်း နှင့် တရုတ်-အာဖရိက ဆက်ဆံရေးတွင် FOCAC ၏ ဦးဆောင်ဦးရွက် အခန်းကဏ္ဍကို အပြည့်အဝဖော်ဆောင်ရေး စသည့် အခြေခံစည်းမျဉ်းများအပေါ် အခြားသော FOCAC အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။(Xinhua)