Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်သမ္မတ အိုဘားမား တို့ ဘလဲအိမ်တော် ၌ သုံးနာရီကြာ ဆွေးနွေးပွဲပြုလုပ်

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်သမ္မတ အိုဘားမား တို့ ဘလဲအိမ်တော် ၌ ဆွေးနွေးပွဲပြုလုပ် နေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၄ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား တို့သည် အုပ်ချုပ်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် အခြားသော ကိစ္စရပ်များ နှင့် ပတ်သက်သည့် သုံးနာရီကြာ ဆွေးနွေးပွဲတစ်ခုကို ကြာသပတေးနေ့ည တွင် ဘလဲအိမ်တော် ၌ ပြုလုပ်ခဲ့သည်။

ရှီ မှ ကယ်လီဖိုးနီးယားပြည်နယ် နှင့် ပေကျင်းတို့တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ တွေ့ဆုံပွဲများသည် တရုတ်-အမေရိကန်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာတွင်ကြီးမားသောအထောက်အပံ့ကောင်းများဖြစ် ပေါ်စေခဲ့ကြောင်းပြောကြားခဲ့သည်။

ထို့အပြင် ရှီမှ ဆက်၍ စီပွားရေး ကဏ္ဍ၏ ပြုပြင်ပြောင်းလဲရေး နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အခြအနေကောင်း များပိုမို ဖန်တီပေးခြင်း တို့သည် တရုတ်နိုင်ငံ၏ အခြေခံမူဝါဒများ ဖြစ်ပြီး နိုင်ငံ၏ ကောင်းမွန်သော အနာဂါတ်အား ဖော်ဆောင်ရာတွင် အခြေခံကျသည့် အချက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီမှ တရုတ်သည် ပြည်ပနိုင်ငံများ နှင့် ဆက်သွယ်မှု တံခါးကို အမြဲဖွင့်ထားမည်ဖြစ်ကြောင်း နှင့် ပိုမိုကောင်းမွန်သော အခြေအနေများ ကို နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များ တရုတ်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု နှင့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဖန်တီးပေးသွားမည ်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်များကိ ုချဉ်းကပ်ခြင်းသည် တရုတ်၏ မဟာဗျူဟာမြောက် ရွေးချယ်မှုဖြစ်သည့် အပြင် ၎င်းသည် အတိတ်၊ ပစ္စုပန် နှင့် အနာဂါတ်တို့ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်း တို့အပေါ် အခြေခံထားကြောင်း နှင့် တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု တို့ကိုလဲ မလွဲမသွေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ရှီမှ ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စီဟက်တယ် ၌ နှစ်ရက်ကြာ နေထိုင်ပြီးနောက် ဝါရှင်တန် သို့ ကြာသပတေးနေ့တွင် ရောက်ရှိလာသည်။ (Xinhua)