Connect with us

Politics, Law & Military

တရုတ် သမ္မတ ရှီကျင့်ဖိန် နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် အီဂျစ်သို့ ရောက်ရှိ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီက ကိုင်ရို အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက် ကြိုဆိုစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော် အဆင့် ချစ်ကြည်ရေး ခရီး၏ ဒုတိယမြောက် ခရီးစဉ်အဖြစ် အီဂျစ် နိုင်ငံသို့ ဇန်နဝါရီလ ၂၀ ရက်က ရောက်ရှိခဲ့သည်။

၁၂ နှစ်တာအတွင်း တရုတ် နိုင်ငံ သမ္မတ တစ်ဦးအနေဖြင့် အီဂျစ်နိုင်ငံသို့ ပထမဆုံး ခရီးစဉ်အား အီဂျစ်နိုင်ငံက ကြိုဆိုခဲ့ပြီး နိုင်ငံ၏ လေကြောင်း နယ်နိမိတ်အတွင်းသို့ သမ္မတ ရှီ၏ လေယာဉ်ပျံ ရောက်ရှိချိန်မှစ၍ တိုက်လေယာဉ် ၈ စင်းဖြင့် လုံခြုံရေး အစောင့်အရှောက် လိုက်ပါပေးပို့ခဲ့သလို အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီနှင့် အဆင့်မြင့် အရာရှိကြီးများက ကိုင်ရို အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက် ကြိုဆိုခဲ့ကြသည်။

တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၆၀ အထိမ်းအမှတ် အဖြစ် လာရောက် ခြင်းလည်း ဖြစ်သည်။ အီဂျစ်နိုင်ငံသည် အာရပ်နှင့် အာဖရိက နိုင်ငံများအတွင်း တရုတ်နိုင်ငံနှင့် ပထမဆုံး သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။ နှစ်နိုင်ငံလုံး အနေဖြင့် တစ်ဦးနှင့်တစ်ဦး ဘက်စုံ နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုနှင့် ထောက်ပံ့မှုများဖြင့် ရှိနှင့်ပြီးသား ဆက်ဆံရေးအား ဆက်လက် ထိန်းသိမ်း သွားကြရန် သမ္မတ ရှီက ပြောကြားခဲ့သည်။

ကိုင်ရိုတွင် ရှိနေစဉ်အတွင်း သမ္မတ ရှီသည် အရှေ့အလယ်ပိုင်း ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှု မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အသေးစိတ် ပြင်ဆင်ထားမှုနှင့် ပတ်သက်၍ အာရပ် အဖွဲ့ချုပ် ရုံးချုပ်၌ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.