Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က G 20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အား တက်ရောက်

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မေလ ၂၁ ရက်နေ့၌ G 20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကို တက်ရောက် နေစဉ်(ဆင်ဟွာ)

Buenos Aires ၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မေလ ၂၁ ရက်နေ့၌ အာဂျင်တီးနား နိုင်ငံ မြို့တော် Buenos Aires တွင် ကျင်းပ ပြုလုပ်သည့် G 20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကို တက်ရောက် ခဲ့သည်။

G 20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် ဝမ်ရိ က G 20 အဖွဲ့အစည်း တည်ထောင်ရခြင်း သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ် နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး အတွက် အရေးပါသည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ကြောင်း ၊ G 20 အဖွဲ့အစည်း တည်ထောင်ပြီး ၁၀ နှစ်ပြည့် ချိန်တွင် နိုင်ငံတကာပူပေါင်းဆောင်ရွက်မှု မူဝါဒ နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု အရေး တို့အား ဆွေးနွေးခြင်း သည် လွန်စွာအရေးပါသည့် အနက်အဓိပ္ပါယ် တည်ရှိနေကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပုံစံ တွင် အခက်အခဲများ ကြုံတွေ့နေရပြီး တဖက်သက် မူဝါဒ နှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ တို့ဦးမော့ လာချိန်တွင် မည်သို့ ရှေ့ဆက်ဆောင်ရွက်ရမည် မှာ သမိုင်းပေး အဖြေရှာရမည့် မေးခွန်းတစ်ခု ဖြစ်လာကြောင်း ၊ သမိုင်းအထောက်အထား များအရ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ခိုင်မြဲစွာ ဆောင်ရွက်ခြင်း ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်း ကာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ခြင်း မှာ ခေတ်ကာလ အခြေအနေ နှင့် ကိုက်ညီပြီး နိုင်ငံအသီးသီး ၏ အကျိုးစီးပွား နှင့်လည်း ကိုက်ညီကြောင်း တွေ့ရှိရမည် ဖြစ်ကြောင်း ၊ ကျွန်တော် တို့အနေဖြင့် အတူတကွ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ကို ဦးတည်ချက် အဖြစ်ထားရှိပြီး နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ် ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ ဥပဒေ နှင့် နိုင်ငံတကာ စည်းမျည်းစည်းကမ်း များကို အခြေခံ ၍ တန်းတူညီမျှစွာ ပြဿနာ များကို အဖြေရှာ သွားရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ အဖွဲ့အစည်း များကို မှီခို၍ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ကို တည်ဆောက် သွားရမည် ဖြစ်ကြောင်း ၊ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကို ထိန်းသိမ်းရန် ရှင်းလင်းစွာ သတင်း ပေးပို့လိုပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပုံစံ အား ကောင်းမွန်သည့် ဦးတည်ရာ သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွား လိုကြောင်း ၊ G 20 အနေဖြင့် ကမ္ဘာ့စီးပွားရေး တိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက်သွားပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံအုပ်ချုပ်မှု တွင် အောင်မြင်မှုများစွာ ရရှိရန် တက်ကြွစွာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က လက်ရှိချိန်တွင် နိုင်ငံတကာ ၌ အခက်အခဲများစွာ နှင့် ကြုံတွေ့နေရပြီး အရင်းအမြစ် အားဖြင့် ဖွံ့ဖြိုးတိုးတက်မှု နှင့် ပတ်သက်ဆက်နွယ်နေကြောင်း ၊ G 20 အနေဖြင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ရရှိအောင် ဆောင်ရွက်ရန် တာဝန်ရှိပြီး ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံ များအတွက် အခွင့်အလမ်း များကို ဖန်တီးပေးရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု များကို တိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ကို ထောက်ပံ့ ကူညီသွားရမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် များကို ကောင်းမွန်စွာ အကောင်အထည် ဖော်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ ၏ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ များကို အာမခံမှု ရရှိရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်အလမ်းများ ကို အကောင်အထည် ဖော်ကာ ဖွံ့ဖြိုးဆဲ နိုင်ငံ များ အတွက် ဆင်းရဲနွမ်းပါးမှု ပပျောက်အောင် ဆောင်ရွက်ပေးပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားအင်များ ဖြည့်တင်းပေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က ယခု နှစ်သည် တရုတ် နိုင်ငံ မှ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် သည့် နှစ် ၄၀ ပြည့်နှစ် ဖြစ်ကြောင်း ၊ နှစ်ပေါင်း ၄၀ ကာလ အတွင်း တရုတ် နိုင်ငံ အနေဖြင့် ပြည်သူပေါင်း သန်း ၇၀၀ ကို ဆင်းရဲနွမ်းပါးမှု မှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် အတွက် အရေးပါသည့် ပေးဆပ်မှု ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲရေး ကို ခိုင်မြဲစွာ ဆောင်ရွက်ခဲ့ပြီး တံခါးဖွင့်မှု ကို တိုးချဲ့ ကာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး အယူဝါဒ ကို အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် တည်ဆောက်သူ ၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးဆပ်သူ ၊ နိုင်ငံတကာ စည်းစနစ် အတွက် ထိန်းသိမ်းသူ အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်နေစဉ် အတွင်း လူသားမျိုးနွယ် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ယခု နှစ် G 20 ထိပ်သီး အစည်းအဝေး ကို နိုဝင်ဘာလ တွင် အာဂျင်တီးနား နိုင်ငံ မြို့တော် Buenos Aires တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ယခု ကျင်းပ သည့် G 20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မှာ ထိပ်သီး အစည်းအဝေး အတွက် ပြင်ဆင်မှု ပြုလုပ်သည့် အစည်းအဝေး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.