Connect with us

Politics, Law & Military

ရုရှား နိုင်ငံ သမ္မတ နှင့် တရုတ် နိုင်ငံ CPC ဗဟိုကော်မတီ ပြည်ပရေးရာရုံးအဖွဲ့ ညွှန်ကြားရေးမှူး တွေ့ဆုံဆွေးနွေး

ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် တရုတ် နိုင်ငံ CPC ဗဟိုကော်မတီ ပြည်ပရေးရာရုံးအဖွဲ့ ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jiechi) တွေ့ဆုံစဉ်(ဆင်ဟွာ)

ဆိုချီ ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က အောက်တိုဘာ ၁၈ ရက် တွင် ဆိုချီ မြို့ ၌ Valdai နှစ်ပတ်လည် အစည်းအဝေး တက်ရောက် သည့် တရုတ် နိုင်ငံ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ကော်မတီဝင် နှင့် CPC ဗဟိုကော်မတီ ပြည်ပရေးရာရုံးအဖွဲ့ ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jiechi) နှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ရုရှား နိုင်ငံ သမ္မတ ပူတင် က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် စက်တင်ဘာလ တွင် ရုရှား နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် အရှေ့တိုင်းစီးပွားရေး ဖိုရမ် ကို တက်ရောက် ခဲ့သည့် အတွက် လွန်စွာ ချီးမွမ်း ကျေးဇူးတင်ရှိကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး အား လွန်စွာ အလေးထားပြီး တရုတ် နိုင်ငံ နှင့် အတူတကွ အဆင့်အသီးသီး အနီးကပ် ဆက်ဆံရေး ထိန်းသိမ်းထားကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ၊ ရှုပ်ထွေးသည့် နိုင်ငံတကာ ရေးရာ ကိစ္စရပ် များနှင့် ကြုံတွေ့ချိန် တွင် ရုရှား-တရုတ် နှစ်နိုင်ငံ က ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ပြီး နှစ်နိုင်ငံ အတူတကွ အကျိုးစီးပွား ကို ထိန်းသိမ်း ကာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတွက် တွန်းအားပေး ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယန်ကျဲ့ချီ က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် စက်တင်ဘာ လ တွင် ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် တွေ့ဆုံခဲ့စဉ် အောင်မြင်မှု များစွာ ကို ရရှိခဲ့ပြီး နှစ်နိုင်ငံ ရှေ့ဆက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် အရေးပါသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် သဘောတူညီမှုများ ကို ဘက်စုံ အကောင်ထည်ဖော် ဆောင်ရွက်ကာ ကဏ္ဍအသီးသီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ၊ လာမည့်နှစ် သည် တရုတ်-ရုရှား သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်နှစ် ဖြစ်သောကြောင့် အဆင့်မြင့် အရာရှိ ဖလှယ်မှု နှင့် ပွဲအခမ်းအနား များကို အသေးစိတ် ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း ၏ အရေးပါသည့် နှစ်တွင် အောင်မြင်မှုများ ပိုမိုရရှိအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ နှင့် ကမ္ဘာပေါ်ရှိ ပြည်သူလူထု တို့အား ပိုမို အကျိုးဖြစ်ထွန်းအောင် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.