Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် ဇနီး တို့မှ အမေရိကန် သမ္မတ နှင့် ဇနီး ကျင်းပ ပြုလုပ်ပေးခဲ့သည့် ဂုဏ်ပြု ညစာစားပွဲ တက်ရောက်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး တို့မှ မာအာလာဂို စံအိမ် သို့ ရောက်ရှိလာသည် ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဇနီး တို့က ကြိုဆို ခဲ့စဉ်(ဆင်ဟွာ)

မာအာလာဂို ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖိန်လိယွမ် တို့သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဇနီး မီလာနီယား တို့မှ ဖလော်ရီဒါ ပြည်နယ် ရှိ မာအာလာဂို စံအိမ် တွင် ကျင်းပ ပြုလုပ်ပေးခဲ့သည့် ဂုဏ်ပြု ညစာစားပွဲ ကို တက်ရောက်ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖိန်လိယွမ် တို့သည် ည ၇ နာရီ အချိန်ခန့်တွင် ဂုဏ်ပြု ညစာစားပွဲ သို့ ရောက်ရှိခဲ့ကြပြီး ညစာစားပွဲတွင် တရုတ် နိုင်ငံ သမ္မတ နှင့် အမေရိကန် နိုင်ငံ သမ္မတ တို့မှ အသီးသီး နွေးထွေးစွာ နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့ကြသည်။

သမ္မတ ရှီကျင့်ဖိန် မှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မိမိ အနေဖြင့် ဒေါ်နယ်ထရမ့် နှင့် ကောင်းမွန်သည့် ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီး သည့် သဘောတူညီမှု များရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် လေးစားမှု နှင့် အကျိုးဖြစ်ထွန်းစေမှု ဆိုသည့် အခြေခံပေါ်တွင် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ၊ နိုင်ငံခြားရေး လုံခြုံမှု ၊ အင်တာနက် တရားဥပဒေ စိုးမိုးမှု ၊ ယဉ်ကျေးမှု ဖလှယ်ခြင်း စသည့် ကဏ္ဍများတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း ၊ အပြုသဘောဆောင်သည့် ဖြေရှင်းမှု ပုံစံဖြင့် သဘောထားကွဲလွှဲမှု နှင့် ထိလွယ်ရှလွယ်သည့် ကိစ္စရပ် များကို ဖြေရှင်းသွားခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထု တို့မှ တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အကျိုးကျေးဇူး ကို ရရှိစေမည် ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် အမေရိကန် သမ္မတ နှင့် အတူတကွ နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမိုခိုင်မာအောင် ၊ ပိုမိုမြင့်မားအောင် ၊ ပိုမို လှပအောင် တည်ဆောက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့် က သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှု ဖြင့် တရုတ် နိုင်ငံ သည့် ထူးချွန်သည့် တိုးတက်ဖွံ့ဖြိုးမှု ရလဒ်များကို ရရှိနိုင်ခဲ့ပြီး နိုင်ငံတကာတွင် ကျယ်ပြန့်စွာ လေးစားမှု ရရှိခဲ့ကြောင်း ၊ မိမိ အနေဖြင့် သမ္မတ ရှီကျင့်ဖိန် နှင့် ပထမ ဦးဆုံး အကြိမ် တွေ့ဆုံခဲ့ပြီး ကျယ်ပြန့်စွာ သဘောထား အမြင်များ ဖလှယ်ကာ ကောင်းမွန်သည့် မိတ်ဆွေ ဆက်ဆံရေး ကို တည်ဆောက်နိုင်ခဲ့ကြောင်း ၊ မိမိ အနေဖြင့် သမ္မတ ရှီကျင့်ဖိန် နှင့် ပူးပေါင်းဆောင်ရွက်မှု များ တိုးချဲ့ကာ အတူတကွ စိတ်ဝင်စားသည့် ကိစ္စရပ် များတွင် နက်ရှိုင်းစွာ ဖလှယ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင် တို့သည် ညစာ စားပွဲ အတွင်း အတူတကွ စိတ်ဝင်စားသည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ် များကို နက်ရှိုင်းစွာ သဘောထား အမြင်များ ဖလှယ်ခဲ့ကြပြီး ပျော်ရွှင်ချစ်ကြည်စွာ ဖြင့် ညစာစားပွဲ ကို ကျင်းပပြုလုပ် နိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.