Connect with us

Politics, Law & Military

ခေတ်သစ် တရုတ်လူမှုအဖွဲ့အစည်းအတွင်း အဓိကကျသော ကွဲပြားခြားနားမှုများ ရင်ဆိုင်နေရသည်ဟု ရှှီကျင့်ဖိန် ဆို

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံ ကျင်းပနေစဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သွင်ပြင်လက္ခဏာများနှင့်အတူ ဆိုရှယ်လစ်စနစ်အဖြစ် ခေတ်သစ် တစ်ခုအတွင်းသို့ ထိုးဖောက် ဝင်ရောက်လာခဲ့ရာတွင် အဓိကကျသော ကွဲပြားခြားနားမှုများအား လူမှုအဖွဲ့အစည်းမှာ ကြုံတွေ့နေရကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့လယ်ကောင်ရှိ ပြည်သူ့ခန်းမကြီး၌ ကျင်းပသော ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံသို့ တင်သွင်းသော လုပ်ငန်းအစီရင်ခံစာ၌ ရှီက မှတ်ချက်ပြု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကွဲပြားခြားနားမှုတွေဟာ ဖွံ့ဖြိုးမှု မညီမျှခြင်းနဲ့ မလုံလောက်ခြင်းတွေ အကြား ပိုကောင်းတဲ့ ဘဝတွေအတွက် ပြည်သူတွေရဲ့ လိုအပ်မှုများ အစဉ်အမြဲ တိုးတက်နေလို့ပါပဲ” ဟု သမ္မတ ရှီက ပြောကြားခဲ့သည်။

အဓိကကျသော ကွဲပြားခြားနားမှုများ ဆင့်ကဲဖြစ်ပေါ်နေမှုသည် “ပါတီနဲ့ နိုင်ငံ လုပ်ဆောင်မှုအတွက် တောင်းဆိုမှု အသစ်တွေကို ဖန်တီးပေးသော အခင်းအကျင်း တစ်ခုလုံးအပေါ် သက်ရောက်မှုရှိတဲ့ သမိုင်းတွင်တဲ့ ပြောင်းလဲမှုများ” ကို ကိုယ်စားပြုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117