Connect with us

Politics, Law & Military

တရုတ်သမ္မတရှီကျင့်ဖိန် ပါကစ္စတန်နိုင်ငံတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါကစ္စတန်နိုင်ငံ သမ္မတ မမ်နွမ်ဟူစိန်( Mamnoon Hussain ) အား ပါကစ္စတန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်ကို သြဂုတ်လ ၁ဝ ရက်နေ့က ပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာထဲတွင် အကြမ်းဖက်မှုအတွင်း သေဆုံးသွားသူများအတွက် အလွန်အမင်း ကြေကွဲရကြောင်း ၊ ရဲရင့်သော မိသားစုဝင်များ နှင့် ထိခိုက်ဒဏ်ရာရခဲ့သူများအတွက် ထောက်ထားစာနာမိကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် သမ္မတရှီက မည်သည့် အကြမ်းဖက်မှုကို မဆို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း ၊ တိုက်ခိုက်မှုများကိုလည်း ပြင်းထန်စွာရှုတ်ချကြောင်း ၊ ပါကစ္စတန်နိုင်ငံ တည်ငြိမ်ရေး နှင့် လုံခြုံရေးအတွက် အကြမ်းဖက်ဝါဒ နှိမ်နင်းခြင်းအပေါ် တရုတ်နိုင်ငံက အပြည့်အဝ ထောက်ခံအားပေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
၂ဝ၁၆ ခုနှစ် သြဂုတ်လ ၉ ရက်ကဖြစ်ပွားခဲ့သည့် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့ရှိ ပြည်သူ့ဆေးရုံ အရေးပေါ်လူနာဆောင်အား အသေခံဗုံးခွဲတိုက်ခိုက်မှုတွင် အနည်းဆုံးလူ ၇ဝ ကျော်သေဆုံးပြီး ၁၁၂ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.