Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင်တို့ G-20 ထိပ်သီး အစည်းအဝေးတွင် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင်တို့ တူရကီ နိုင်ငံ အန်တယ်ရာ မြို့တွင် ကျင်းပသည့် G-20 အစည်းအဝေး တွင် တွေ့စုံစဉ် (ဆင်ဟွာ)

အန်တယ်ရာ၊ နိုဝင်ဘာလ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင်တို့သည် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမို ကျယ်ပြန့် ကောင်းမွန်လာစေရန် ၎င်းတို့၏ ကတိကဝတ်များအား နိုဝင်ဘာလ ၁၅ ရက်နေ့က ထပ်လောင်း အတည်ပြု ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ သည် ၂၀၁၆ ခုနှစ်တွင် G-20 ထိပ်သီး အစည်းအဝေး၏ အလှည့််ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သောကြောင့် G-20 အဖွဲ့ဝင် နိုင်ငံအားလုံး နှင့် အတူ တီထွင် ဆန်းသစ်သော၊ နိုးကြား တက်ကြွသော၊ အပြန်အလှန် အကျိုးပြုနိုင်ပြီး အားလုံး ပါဝင်နိုင်သည့် ကမ္ဘာ့စီးပွားရေး ကို တည်ထောင်လိုပါကြောင်း ရှီမှ ပူတင်သို့ပြောကြားခဲ့သည်။

ရှီမှ တရုတ် နိုင်ငံ သည် G-20 ထိပ်သီး အစည်းအဝေးအား လက်ခံ ကျင်းပမည့် ကိစ္စ နှင့် ပတ်သက်၍ ရုရှား နှင့် အတူ ပိုမို အားကောင်းသော ဆက်ဆံရေး နှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း တူရကီ နိုင်ငံ အနောက်တောင်ပိုင်း အန်တယ်ရာ တွင် ပြုလုပ်သည့် ၁၀ ကြိမ်မြောက် G-20 ထိပ်သီး အစည်းအဝေးပွဲ အပြီး ခေါင်းဆောင် နှစ်ဦး တွေ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင်တို့ တူရကီ နိုင်ငံ အန်တယ်ရာမြို့တွင်ဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

ပူတင်မှလည်း နိုင်ငံတကာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင် အရေးကြီးသော အခန်းကဏ္ဍ မှ နောက်နှစ်တွင် ဥက္ကဋ္ဌသစ် ဖြစ်လာမည့် တရုတ်နိုင်ငံအား ထောက်ခံ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် BRICS ၏ ထွန်းသစ်စ ဈေးကွက်အုပ်စု၏ မူဘောင်များ အတွင်း လေးနက်သော ပူးပေါင်း ဆောင်ရွက်မှုကို ဆောင်ရွက်သွားမည့် အပြင် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင် နှင့် ယဉ်ကျေးမှု စသည့် နယ်ပယ် အသီးသီးတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကတိ ကဝတ်ပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ၏ ခေတ်သစ် ပိုးလမ်းမကြီး နှင့် ရုရှား အစပျိုး အာရှ၊ ဥရောပနှင့် ဆိုင်သော စီးပွားရေး သမဂ္ဂ တို့ တညီတညွတ်တည်း ဖြစ်စေရန် ၎င်းတို့၏ အထွေထွေ သဘော တူညီချက်များ ကို အသစ်တဖန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပူတင်မှ ရုရှား နှင့် တရုတ်သည် နိုင်ငံတကာ နည်းဥပဒေ များအား ကာကွယ် စောင့်ရှောက်ရန် ကတိပြု ခဲ့ကြပြီး ကမ္ဘာ့ရေးရာ အဓိက ကိစ္စရပ်များတွင် တူညီသော အမြင်များအား ဖလှယ်ခဲ့ကြကြောင်း သိရသည်။ ရှီမှ လည်း နှစ်နိုင်ငံသည် တရားမျှတပြီး သာတူညီမျှမှု ရှိသည့် နိုင်ငံတကာ အမိန့်အာဏာများ အတွက် ပူးပေါင်း တွန်းအား ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင်တို့သည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် BRICS အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့ ဘရာဇီး၊ အိန္ဒိယ နှင့် တောင်အာဖရိက တို့လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)