Connect with us

Politics, Law & Military

BRICS နိုင်ငံများ ယုံကြည်မှု ခိုင်မာစေရေး ရှီ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား BRICS ခေါင်းဆောင်များ အစည်းအဝေး၌ တွေ့ရစဉ် (ဆင်ဟွာ)

အန်တယ်ရာ၊ ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

BRICS နိုင်ငံများ အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံဈေးကွက်အတွင်း ယုံကြည်မှု ခိုင်မာစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ပူးတွဲ စီမံခန့်ခွဲနိုင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြော သည်။

BRICS အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံတို့သည် ရှုပ်ထွေး ခက်ခဲမှုများ မြှင့်တင်နေပြီး တိုးတက်မှု နှုန်းကလည်း ကျဆင်းမှုများနှင့် ရင်ဆိုင် နေရသောကြောင့် ရေရှည်ဖွံ့ဖြိုးမှုအတွက် စီးပွားရေး တည်ဆောက်ပုံ အဆင့်မြှင့်တင်ရန် ရှီက အဆိုပြုခဲ့သည်။

“တရုတ်နိုင်ငံဟာ BRICS အဖွဲ့ဝင် နိုင်ငံများနဲ့အတူ ဖွံ့ဖြိုးမှု အခွင့်အရေး မျှဝေနိုင်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် အဆင်သင့်ရှိတယ်” ဟု တူရကီနိုင်ငံ အပန်းဖြေမြို့တစ်ခုဖြစ်သော Antalya တွင် ပြုလုပ်သည့် BRICS ခေါင်းဆောင်များ အစည်းအဝေး၌ ရှီက ပြောသည်။

“ရွှေစင်မှန်ရင် မီးကို မကြောက်ဘူး” ဟု ရှီက အလေးထား ပြောကြားခဲ့သလို ယုံကြည်မှုတွေ ခိုင်မာပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ ခိုင်မြဲနေမည်ဆိုပါက BRICS နိုင်ငံများ အနေဖြင့် လှိုင်းလေများကို ဖြတ်သန်းသွားနိုင်မှာ အသေအချာဖြစ်ကြောင်း ရှီက ဆိုပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ် ပထမ သုံးလပတ်အတွင်း ၆.၉ ရာခိုင်နှုန်း ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာ့စီးပွား ရေး ကြီးထွားမှု၏ သုံးပုံ တစ်ပုံရှိကြောင်း တရုတ်နိုင်ငံ တရားဝင် စာရင်းအရ သိရသည်။

“ကမ္ဘာ့စီးပွားရေး ကြီးထွားမှုအတွက် ကျွန်တော်တို့ဟာ အရေးပါတဲ့ မောင်းနှင်အား ဖြစ်နေတုန်းပဲ” ဟု ရှီက ခေါင်းဆောင်များအား ပြောသည်။
BRICS အဖွဲ့ဝင် နိုင်ငံများအား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပွင့်လင်းပြီး လက်တွေ့ကျ အကျိုးရှိသော ကမ္ဘာ့မိတ်ဖက် ပုံစံသစ် ဖော်ဆောင်ရန် အတွက်လည်း သမ္မတက ဆန္ဒရှိသည်ဟု ဆိုသည်။
BRICS ခေါင်းဆောင်များ အစည်းအဝေးအား G20 အစည်းအဝေးနှင့် ပူးတွဲ ကျင်းပလျက်ရှိပါသည်။
ဘရာဇီး သမ္မတ ဒီလ်မာ ရိုဆာ့ဖ်၊ ရုရှား သမ္မတ ဗလာဒီမာပူတင်၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမားတို့လည်း G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
ခေါင်းဆောင် ငါးဦးသည် ၁၂၉ ဦး သေဆုံးခဲ့ပြီး ၃၅၂ ဦး ဒဏ်ရာရခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုအား အပြင်အးထန် ရှုတ်ချခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုအား တိုက်ဖျက်ရန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်များ လုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းများ အနေဖြင့် အကြမ်းဖက်မှု ပူးပေါင်း တိုက်ဖျက်ရေးအတွက် လက်တွဲလုပ် ဆောင်ရန်နှင့် ကုလသမဂ္ဂ ပဋိဉာဉ် စည်းမျဉ်းများနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံ စံနှုန်းများနှင့်အညီ လုပ်ဆောင်သွားသင့်ကြောင်း သမ္မတ ရှီက ပြောသည်။
ဥရောပတွင် ဖြစ်ပွားနေသည့် ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အတွက် အခြေခံ ကျသော အဖြေထုတ်နိုင်ရန် ရှီက အကြံပြုခဲ့သည်။
နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ၂၀၁၀ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအား ဆောလျင်စွာ အကောင်အထည် ဖော်ရန် ဆွေးနွေးခဲ့ကြသည်။
လာမည့် ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် G20 အစည်းအဝေး၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။
BRICS အစည်းအဝေး၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ယခုနှစ်တွင် ရုရှားနိုင်ငံမှ တာဝန်ယူပြီး လာမည့် ၂၀၁၆ ခုနှစ် အတွက် အလှည့်ကျ ဥက္ကဋ္ဌ အနေဖြင့် အိန္ဒိယနိုင်ငံ က လုပ်ဆောင်မည် ဖြစ်သည်။
“လာမဲ့နှစ်မှာ အိန္ဒိယ နိုင်ငံက BRICS ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသလို တရုတ်နိုင်ငံက G20 အစည်းအဝေးရဲ့ ဥက္ကဋ္ဌ အဖြစ် လုပ်ဆောင်မှာဖြစ်တယ်၊ ဒါဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအတွက် ကမ္ဘာ့စီးပွားရေး အုပ်ချုပ်မှုတွင် အတူတကွ ပါဝင်လုပ်ကိုင်နိုင်မဲ့ အခွင့်အရေး တစ်ရပ်လဲ ဖြစ်တယ်” ဟု Gateway House (ကမ္ဘာ့ဆက်ဆံရေး ဆိုင်ရာ အိန္ဒိယ ကောင်စီ) ပထဝီ စီးပွားရေး လေ့လာရေး ကျွမ်းကျင်သူ Akshay Mathur က ဆင်ဟွာသို့ ပြောသည်။ (Xinhua)