Connect with us

Politics, Law & Military

၁၀ ကြိမ်မြောက် G-20 အစည်းအဝေး အား ယနေ့ တူရကီ နိုင်ငံ တွင် စတင်ကျင်းပ ခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်

၁၀ ကြိမ်မြောက် G-20 အစည်းအဝေး တက်ရောက် ခဲ့သည့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အခြား နိုင်ငံ မှ ခေါင်းဆောင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်တယ်ရာ ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အခြား G-20 အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၅ ရက်နေ့ တွင် တူရကီ နိုင်ငံ အန်တယ်ရာ မြို့၌ စတင် ကျင်းပ ခဲ့သည့် ၁၀ ကြိမ်မြောက် G-20 အစည်းအဝေးကို တက်ရောက် ခဲ့ကြပြီး ကမ္ဘာ့စီးပွားရေး အခြေအနေ ၊ အပြန်အလှန် နားလည်မှု တိုးပွား လာခြင်း ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး စနစ် ပြုပြင်ပြောင်းလဲရေး ၊ ကုန်သွယ်ရေး ၊ စွမ်းအင် နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စသည့် အကြောင်းအရာ များကို ဆွေးနွေး ခဲ့ကြသည်။

G-20 အစည်းအဝေး ကို နိုဝင်ဘာ ၁၅ ရက်နေ့ မှ ၁၆ ရက်နေ့ အထိ ကျင်းပ သွားမည် ဖြစ်ပြီး ယနေ့ ကျင်းပ ခဲ့သည့် အစည်းအဝေး တွင် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ၊ အပြန်အလှန် နားလည်မှု တိုးပွားရေး ဆိုင်ရာ ၊ ကမ္ဘာ့စီးပွားရေး အခြေအနေ ဆိုင်ရာ ၊ ဘက်စုံ မဟာဗျူဟာ တိုးမြှင့်ရေး ဆိုင်ရာ ၊ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ နှင့် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ ဆိုင်ရာ စသည် တို့ကို ဆွေးနွေး ခဲ့ကြသည်။ နိုဝင်ဘာ ၁၆ ရက်နေ့ တွင် ဒုတိယ အဆင့် ဆွေးနွေးမှု များကို ပြုလုပ် သွားမည် ဖြစ်သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဖို့ ယခု အကြိမ် အစည်းအဝေး တက်ရောက် ခဲ့ခြင်း သည် တတိယ အကြိမ်မြောက် G-20 အစည်းအဝေး ကို တက်ရောက် ခဲ့ခြင်း ဖြစ်သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန သက်ဆိုင်ရာ အရာရှိ မှ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် အစည်းအဝေး တွင် နိုင်ငံ အသီးသီး မှ ခေါင်းဆောင် များအား တရုတ် နိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် တရုတ် ၌ ကျင်းပ မည့် G-20 အစည်းအဝေး ၏ ဦးတည်ချက် များအား အဖွဲ့ဝင် နိုင်ငံ အသီးသီး နှင့် ညှိနှိုင်းဆွေးနွေး သွားမည် ဖြစ်ပြီး လာမည့် နှစ်တွင် ကျင်းပ မည့် G-20 အစည်းအဝေး အောင်မြင်စွာ ကျင်းပ နိုင်ရန် တွန်းအား ပေး ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကိုလည်း ပြောကြား ခဲ့သည်။

G-20 အဖွဲ့ဝင် နိုင်ငံ များမှာ တရုတ် ၊ အာဂျင်တီးနား ၊ သြစတြေးလျ ၊ ဘရာဇီး ၊ ကနေဒါ ၊ ပြင်သစ် ၊ ဂျာမနီ ၊ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ အီတလီ ၊ ဂျပန် ၊ ကိုးရီးယား ၊ မက္ကဆီကို ၊ ရုရှား ၊ ဆော်ဒီအာရေဗျ ၊ တောင်အာဖရိက ၊ တူရကီ ၊ ဗြိတိန် ၊ အမေရိကန် နှင့် အီးယူ တို့ဖြစ်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.