Connect with us

Science & Technology

တရုတ် နိုင်ငံတွင် ရထားလမ်း ၄ လမ်း အသစ် ဖောက်လုပ်ရန် စီစဉ်

တရုတ် ရှန်စီး ပြည်နယ် တွင် ရထားလမ်းပိုင်း တပ်ဆင် နေမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ရထား လမ်းသစ် ၄ လမ်း ဖောက်လုပ်မည် ဖြစ်ကြောင်း ထိပ်တန်း စီးပွားရေး စီမံသူ ဖြစ်သော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) က အတည်ပြု ကြေညာခဲ့သည်။

ထိုရထားလမ်းများသည် စုစု ပေါင်းအရှည် ၂,၀၀၀ ကီလိုမီတာ ရှိမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တရုတ်ယွမ် ၂၅၃.၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၉.၆ ဘီလီယံ) ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ပထမ ရထားလမ်းသစ်သည် နင်ရှားဟွေ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရှိ မြို့လေးမြို့ကို ဆက်သွယ် ပေးမည်ဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တရုတ်ယွမ် ၈.၁ ဘီလီယံ ကုန်ကျမည် ဖြစ်သည်။ ဒုတိယနှင့် တတိယမြောက် ရထားလမ်းသည် အန်ဟွေး နှင့် စီချွမ် ပြည်နယ်များရှိ မြို့များသို့ အသီးသီး ဆက်သွယ် ပေးသွားမည် ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) ၏ အင်တာနက် စာမျက်နာ တွင် အောက်တိုဘာလ ၁၃ ရက် ဖော်ပြခဲ့သည်။

ဖူကျန့် ပြည်နယ်ရှိ စတုတ္ထမြောက် ရထားလမ်းသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး တရုတ်ယွမ် ၁၀၇.၁ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း သိရှိရသည်။

ရထားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို နောက်လာမည့် ငါးနှစ်အတွင်း အပြီးသတ် နိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။

ဒေသဆိုင်ရာ အစိုးရများ နှင့် တရုတ် ရထားလမ်းကော်ပိုရေးရှင်း တို့ပူးပေါင်းပြီး အဆိုပါ စီမံကိန်း အတွက် အဓိက ရန်ပုံငွေကို ဖြည့်ဆည်း သွားမည်ဖြစ်ပြီး အခြား လိုအပ်သည့် ရင်းနှီးငွေ ပမာဏကို ကူးသန်းရောင်းဝယ်ရေး နှင့် အစိုးရဘဏ် များမှ ရရှိမည်ဖြစ်ကြောင်း NDRC မှ ပြောကြားခဲ့သည်။ (Xinhua)