Connect with us

Science & Technology

တရုတ် နိုင်ငံက ယထိုက်-၉ ဆက်သွယ်ရေး ဂြိုဟ်တု အား အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့

တရုတ် နိုင်ငံက ယထိုက်-၉ ဆက်သွယ်ရေး ဂြိုဟ်တု အား လွှတ်တင် ခဲ့စဉ် (ဆင်ဟွာ)

ရှီးချန်း ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရှီးချန်း ဂြိုဟ်တု လွှတ်တင် စခန်းမှ အောက်တိုဘာ ၁၇ ရက်နေ့ ဒေသ စံတော်ချိန် မနက် ၀ နာရီ ၁၆ မိနစ် တွင် ချန်ကျိမ်း-၃ သယ်ယူ ပို့ဆောင်ရေး ဒုံးပျံ ဖြင့် ယထိုက်-၉ ဆက်သွယ်ရေး ဂြိုဟ်တု အား အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သည်။ ယခု အကြိမ် လွှတ်တင်ခြင်း မှာ တရုတ် နိုင်ငံ က အပြည်ပြည် ဆိုင်ရာ ဂြိုဟ်တု ဝန်ဆောင်မှု လုပ်ငန်း အတွက် ပထမ ဆုံးအကြိမ် ဂြိုဟ်တု လွှတ်တင် ပေးခဲ့ခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ မှ ဂြိုဟ်ပတ်လမ်း အတွင်း ပို့ဆောင်ပေးအပ်ခဲ့သည့် ၇ ခုမြောက် ဂြိုဟ်တု လည်း ဖြစ်သည်။

ဂြိုဟ်တုအား လွှတ်တင်ခဲ့ပြီးနောက် ၂၆ မိနစ် အကြာ ရှီးချန်း ဂြိုဟ်တု ထိန်းချုပ်ရေး စခန်းသို့ ပြန်လည် ပို့ဆောင်လာသည့် အချက်အလက် များအရ ဂြိုဟ်တုမှာ ဒုံးကျဉ်မှ အောင်မြင်စွာ ခွဲထွက် နိုင်ခဲ့ပြီး ကမ္ဘာမြေပြင်နှင့် ကီလိုမီတာ ၄၁,၉၆၅ အကွာအဝေး ရှိ ကမ္ဘာပတ် လမ်းအတွင်း ရောက်ရှိ နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ယထိုက်-၉ ဆက်သွယ်ရေး ဂြိုဟ်တုသည် ဟောင်ကောင် ယထိုက် ဆက်သွယ်ရေး ဂြိုဟ်တု ကုမ္ပဏီက တရုတ် နိုင်ငံ အစိုးရ ထံမှ ဝယ်ယူ ခဲ့သော ပထမ ဦးဆုံး စီးပွားရေး လုပ်ငန်းသုံး ဆက်သွယ်ရေး ဂြိုဟ်တု ဖြစ်သည်။ ယင်း ဂြိုဟ်တုကို အနည်းဆုံး ၁၅ နှစ်တာဝန် ဆောင်ရွက်နိုင်စေရန် ပုံစံဒီဇိုင်း ရေးဆွဲခဲ့ပြီး တရုတ် နိုင်ငံ တီထွင် ထုတ်လုပ်ခဲ့သည့် အရပ်ဘက် စီးပွားရေး လုပ်ငန်းသုံး အချက်အလက် ပြန်လည် ဖြန့်ဝေစက် အများဆုံးပါ ရှိသော ဆက်သွယ်ရေး ဂြိုဟ်တု ဖြစ်သည်။ ယခု ဂြိုဟ်တု မှာ ဂြိုလ်ပတ်လမ်း အတွင်း ရောက်ရှိ ခဲ့ပြီး နောက် အာရှတိုက် ၊ ဥရောပ တိုက် ၊ အာဖရိကတိုက် နှင့် သြစတြေးလျ စသည့် ကမ္ဘာ၏ လူဦးရေ စုစုပေါင်း ၇၅ ရာခိုင်နှုန်း တည်ရှိရာ ဒေသ များကို သတင်းအချက်အလက် ဖြန့်ဝေပေးနိုင် မည်ဖြစ်သည်။

ယခု လွှတ်တင်မှုသည် တရုတ် နိုင်ငံ အာကာသ နည်းပညာ ကုမ္ပဏီက တာဝန်ယူ ပြုလုပ် ခဲ့သည့် ချန်ကျိမ်း အမျိုးအစား သယ်ယူပို့ဆောင်ရေး ဒုံပျံဖြင့် ၂၁၄ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117