Connect with us

Science & Technology

တရုတ်နိုင်ငံတွင် Apple ၏ ၃၆ ခုမြောက် အရောင်းပြခန်းဖွင့်

တရုတ်နိုင်ငံ ၊ နန်ကျင်းမြို ့တွင် ပထမဆုံး Apple အရောင်းပြခန်းဖွင့်ပွဲကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင်ပြုလုပ်နေစဉ် ( ဆင်ဟွာ )

ဖူဇူး၊ဧပြီ ၂ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံ အရှေ့ပိုင်း ၊ဖူဂျန် ( Fujian ) ပြည်နယ်၊ ဖူဇူးမြို့( Fuzhou ) တွင် Apple ၏ တရုတ်နိုင်ငံအတွင်း ၃၆ ခုမြောက် အရောင်းပြခန်းကို ၂၀၁၆ ခုနှစ် ဧပြီ ၂ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Apple ၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Todd Mckean က အသစ်ဖွင့်လှစ်လိုက်သော အရောင်းပြခန်းတွင် Apple နောက်ဆုံးပေါ် ထုတ်ကုန်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး iPone SE နှင့် ( ၉.၇ လက်မအရွယ် အစားရှိ ) iPad Pro မော်ဒယ်များကိုလည်း ရောင်းချပေးသွားမည်ဟု ပြောကြားထားသည်။

အဆိုပါ အရောင်းပြခန်းတွင် မန်ဒရင်း ၊ ကန်တိုးနိစ် နှင့် အင်္ဂလိပ် ဘာသာစကားများကို ပြောဆိုနိုင်သည့် အရောင်းဝန်ထမ်း ၉၇ ဦးကို ခန့်အပ်ထားကြောင်းသိရသည်။ ဖူဇူးမြို့အရောင်းပြခန်းသည် ဖူဂျန်ပြည်နယ်တွင် ဒုတိယမြှောက်ဖွင့်လှစ်လိုက်သော အရောင်းပြခန်းဖြစ်ပြီး ၊ ပထမဦးဆုံး အရောင်းပြခန်းကို Xiamen မြို့တွင် ယခုနှစ် အစောပိုင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ Apple ကုမ္ပဏီသည် တရုတ်နိုင်ငံထဲတွင် အရောင်းပြခန်းပေါင်း ၃၆ ခန်း ဖွင့်လှစ်ထားပြီးဖြစ်သည်။ ၎င်းတို့အနက်မှ အရောင်းပြခန်း ၄ ခုသည် ဟောင်ကောင်ကျွန်းပေါ်တွင် ဖွင့်လှစ်ထားပြီး ကျန် ၃၂ ခုမှာ တရုတ်နိုင်ငံ ပြည်မကြီး တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Apple ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် လျှင်လျှင်မြန်မြန် ဈေးကွက်ချဲ ့ထွင်နေပြီး ၊ အမေရိကန်ပြည်ထောင်စုပြီးလျှင် တရုတ်နိုင်ငံသည် ၎င်းတို့အတွက် အကြီးဆုံး ဈေးကွက်ဖြစ်လာသည်။ ၂၀၁၆ ခုနှစ် နှစ်လယ် မတိုင်မီ ၊ နောက်ထပ် Apple အရောင်းပြခန်း ၄ ခုကို တရုတ်နိုင်ငံထဲတွင် ထပ်မံဖွင့်လှစ်သွားရန် ရှိကြောင်း သိရသည်။ ( Xinhua )