Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ဆိုင်ရာ အရည်အသွေး ပြည့်မီသော နံပါတ် (၁) ကုမ္ပဏီ အဖြစ် Huawei မှ ရရှိ

Huawei အမှတ်တံဆိပ် ကမ္ဘာ့ အကောင်းဆုံးအဆင့် ၈၈ သို့ ရောက်ရှိလာခဲ့ (ဓာတ်ပုံ-Huawei Mobile Myanmar)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

Huawei (ဟွာဝေး) မှ သုံးစွဲသူများကို ဗဟိုပြုသည့် အကောင်းဆုံး အရည်အသွေး စီမံ ခန့်ခွဲနိုင်မှု ပုံစံတို့ကြောင့် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ဆိုင်ရာ အရည်အသွေး ပြည့်မီသော နံပါတ် (၁) ကုမ္ပဏီ အဖြစ် ဆုရရှိခဲ့ပြီး တရုတ်နိုင်ငံ ကောင်စီဝန် Mr. Wang Yong မှ Huawei သို့ ဂုဏ်ထူးဆောင် လက်မှတ် ချီးမြှင့်ခဲ့ကြောင်း Huawei Mobile Myanmar မှ သတင်း ထုတ်ပြန်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော် အစိုးရ၏ အရည်အသွေး ကြီးကြပ်စစ်ဆေးမှု အဖွဲ့မှ ကြီးမှူးကျင်းပသည့် တရုတ်နိုင်ငံလုံး ဆိုင်ရာ အမြင့်မားဆုံး အရည်အသွေး အကောင်အထည်ဖော်နိုင်မှု “Quality of China Award” ဆုပေးပွဲကြီးအား ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Huawei သည် ဆက်သွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဈေးကွက်တွင် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး အထောက်အကူ ပစ္စည်းထုတ်လုပ်သူ အဖြစ် ရပ်တည် လျက်ရှိပြီး GFK လေ့လာ ဆန်းစစ်ချက်များ အရ စမတ်ဖုန်း ဈေးကွက်တွင် ကမ္ဘာ့တတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူအဖြစ် ရပ်တည်လျက် ရှိကြောင်း၊ တရုတ်နိုင်ငံ ဈေးကွက်တွင် နံပါတ် (၁) နှင့် အနောက် ဥရောပ နိုင်ငံများ ဈေးကွက်တွင် နံပါတ် (၃) ဖြင့် ရပ်တည်လျက် ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် Huawei သည် Interbrand ၏ ကမ္ဘာ့ အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ တွင် ပထမဆုံး တရုတ် ကုမ္ပဏီ အဖြစ် ပါဝင်နိုင်ခဲ့ပြီး အဆင့် (၉၄) နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် Huawei သည် Interbrand ၏ ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ တွင် ထပ်မံ ပါဝင်နိုင်ခဲ့ပြီး အဆင့် (၈၈) သို့ မြင့်တက်ခဲ့သည်။ ၂၀၁၆ ခုနှစ် အမှတ်တံဆိပ်၏ ဘဏ္ဍာရေး အဖွဲ့အစည်းက ထုတ်ပြန်ချက် အရ Huawei ၏ အမှတ်တံဆိပ် တန်ဖိုးသည် ဒေါ်လာ ၁၉.၇ ဘီလီယံ ရှိပြီး ထိပ်တန်း နည်းပညာ ကုမ္ပဏီ ၅၀ သို့ ဝင်ရောက်နိုင်သော ပထမဆုံး တရုတ် နည်းပညာ ကုမ္ပဏီ ဖြစ်ပြီး အဆင့် ၄၇ တွင် ရပ်တည်လျက် ရှိသည်။ ထို့ပြင် အမေရိကန် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းက Huawei သည် သုံးစွဲသူများ အလေးစားဆုံး ထိပ်တန်း ကုမ္ပဏီ ၁၀ ခုတွင် ပါဝင်ခဲ့သည့် ပထမဆုံး တရုတ်ကုမ္ပဏီ ဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.