Connect with us

Science & Technology

၃၂ စင်တီမီတာ မှ ၄,၆၀၀ ကီလိုမီတာအထိ ၊ တရုတ်နိုင်ငံ က ကမ္ဘာ့ပထမဦးဆုံးသော ဂြိုဟ်တု နှင့် မြေပြင် ဆက်သွယ်ပေးသည် ကွမ်တန်ဆက်သွယ်ရေး ကွန်ရက်တည်ဆောက်

ကွမ်တန်သိပ္ပံစမ်းသပ်မှု ဂြိုဟ်တု QUESS နှင့် အာလီကွမ်တန် teleportation စမ်းသပ်မှု ပလက်ဖောင်း တို့ အာကာသ နှင့် မြေပြင် ချိတ်ဆက်မှု အား ပုံဖော်ထားပုံ (ဆင်ဟွာ)

ဟယ်ဖေ ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

ကမ္ဘာ့လူသားသမိုင်းတွင် လွန်ခဲ့သော ၃၂ နှစ် က သုတေသန စမ်းသပ်ခန်း၌ ကွမ်တန်ဆက်သွယ်ရေး စတင်ထွက်ပေါ်လာခဲ့ပြီး ထိုအချိန်က ကွမ်တန်ဆက်သွယ်ရေး ပို့ဆောင်ပေးခဲ့သည့် အကွာအဝေးသည် ၃၂ စင်တီမီတာ ဖြစ်သည်။

လက်ရှိချိန်တွင် တရုတ်နိုင်ငံ က ယင်းအကွာအဝေး အား အဆပေါင်း ၁၄ သန်းကျော် တိုးချဲ့ခဲ့ပြီး ကမ္ဘာ့မြေပြင် နှင့် အာကာသကို ချိတ်ဆက်ပေးသည့် လူအများအသုံးပြုနိုင်သော ဆက်သွယ်ရေးကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့သည်။ တရုတ်နိုင်ငံသိပ္ပံနည်းပညာတက္ကသိုလ် က ဇန်နဝါရီ ၇ ရက်၌ တရုတ်နိုင်ငံ သုတေသန အဖွဲ့အနေဖြင့် ၄,၆၀၀ ကီလိုမီတာ ကွာဝေးသော ဂြိုဟ်တု မှ မြေပြင် ကွမ်တန် Key (cryptography) ဖြန့်ဝေမှု ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သဖြင့် တရုတ်နိုင်ငံ သည် အာကာသ နှင့် မြေပြင် တစ်သားတည်း ကျယ်ပြန့်သည့် ကွမ်တန်ဆက်သွယ်ရေး ကွန်ရက်၏ ရှေ့ပြေးပုံစံ ကို တည်ဆောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်းအောင်မြင်မှု က ဗြိတိန် နိုင်ငံ “Nature” မဂ္ဂဇင်း ၏ ထုတ်ဖော်ရေးသားခြင်းကိုလည်းခံခဲ့ရသည်။

ကွမ်တန်ဆက်သွယ်ရေးသည် ကွမ်တန်သိပ္ပံနည်းပညာ၏ ဦးတည်ချက် ၃ ခု အနက် တစ်ခုအပါအဝင် ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ က ယင်းကဏ္ဍတွင် နောက်မှလိုက်၍ ဆောင်ရွက်သည့် အဆင့် မှ ရှေ့မှဦးဆောင်၍ ဆောင်ရွက်သူ အဖြစ် ကြီးမားသည့် ပြောင်းလဲမှုကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ က ကမ္ဘာ့ပထမဦးဆုံးသော ကွမ်တန်သိပ္ပံစမ်းသပ်မှု ဂြိုဟ်တု QUESS ကို အောင်မြင်စွာ လွတ်တင်နိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ပထမဦးဆုံးသော ကွမ်တမ်လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်း “ကျင်းဟုလမ်းကြောင်း ၊ Jing-Hu (Beijing-Shanghai) Trunk Line” ကို တည်ဆောက်နိုင်ခဲ့သည်။

QUESS နှင့် ကျင်းဟုလမ်းကြောင်း ကို ချိတ်ဆက်ကာ တရုတ်နိုင်ငံ သိပ္ပံနည်းပညာတက္ကသိုလ် မှ ဖန်းကျန့်ဝေ ၊ ချိန်ယွီအောင် နှင့် ဖုန်းချိန်ကျစ် တို့ က တရုတ်နိုင်ငံ သိပ္ပံနည်းပညာ အကယ်သမီ ရှန်ဟိုင်း နည်းပညာပိုင်းဆိုင်ရာ ရူပဗေဒဌာန ဝမ်ကျန့်ယွီ သုတေသန အဖွဲ့ ၊ ကျိနန်ကွမ်တန်နည်းပညာ သုတေသန အကယ်သမီ နှင့် China Cable Television Network Co., Ltd. တို့ ပူးပေါင်း၍ ကမ္ဘာ့ပထမဦးဆုံးသော ဂြိုဟ်တု နှင့် မြေပြင် ချိတ်ဆက်သည့် ဆက်သွယ်ရေး ကွန်ရက်ကို တည်ဆောက်ခဲ့သည်။ အချိန် ၂ နှစ်ကြာကြာမြင့်သည့် တည်ငြိမ်မှု နှင့် လုံခြုံမှု စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အကွာအဝေး အားဖြင့် ကီလိုမီတာ ၄,၆၀၀ ကွာဝေးသော လူအများအသုံးပြု နိုင်သည့် ကွမ်တန် Key ဖြန့်ဝေမှုကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ သိပ္ပံနည်းပညာတက္ကသိုလ် မှ ဖန်းကျန့်ဝေ က ကွမ်တန်ဆက်သွယ်ရေးအား ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် အကောင်အထည်ဖော်ရာတွင် ကွမ်တန်ဆုံးရှုံးမှု ၊ ကွမ်တန် decoherence စသော နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများစွာ ရှိကြောင်း ၊ ဥပမာ အားဖြင့် ကွမ်တန်၏ အရေအတွက် က Optical fiber အတွင်း ၁၅ ကီလိုမီတာ ပို့ဆောင်တိုင်း တစ်ဝက်ခန့်က ဆုံးရှုံးသွားပြီး ကီလိုမီတာ ၂၀၀ အကွာအဝေးရောက်ချိန်တွင် မူလ၏ တစ်သောင်းပုံတစ်ပုံသာ ကျန်ရှိတော့ကြောင်း ၊ သိပ္ပံသုတေသနအဖွဲ့အနေဖြင့် optical system စသည့် ကဏ္ဍများတွင် ရှေ့ပြေးသည့် နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

“Nature” မဂ္ဂဇင်း ၏ သတင်းတင်ဆက်သူ က တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ၊ ခေတ်အမှီဆုံးသော ကွမ်တန် Key ဖြန့်ဝေမှု ကွန်ရက်ဖြစ်ပြီး ကွမ်တန်ဆက်သွယ်ရေး ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကြီးမားသော အောင်မြင်မှုဖြစ်သည်ဟု သုံးသပ်ခဲ့ကြောင်း ဖန်းကျန့်ဝေ ၏ ပြောကြားချက်အရ သိရှိရသည်။

သတင်းအချက်အလက်များအရ ကွမ်တန်ဆက်သွယ်ရေး ကွန်ရက်က တရုတ်နိုင်ငံ ပြည်နယ် ၄ ခု ၊ မြို့ ၃ မြို့ နှင့် ချိတ်ဆက်ပေးသည့်နေရာ (Node) ၃၂ နေရာ ကို ဖုံးလွမ်းနိုင်မည် ဖြစ်ပြီး ပေးကျင်း ၊ ကျိနန်း ၊ ဟယ်ဖေ နှင့် ရှန်ဟိုင်း ကွမ်တန် metropolitan area network (MAN) တိုလည်းပါဝင်ကြောင်း ၊ မြေပြင်ရှိ ဂြိုဟ်တုဆက်သွယ်ရေးစခန်း ၂ ခုနှင့် QUESS ကို ချိတ်ဆက်ပေးမည် ဖြစ်ကာ စုစုပေါင်းအကွာအဝေး အနေဖြင့် ကီလိုမီတာ ၄,၆၀၀ ကွာဝေးကြောင်း ၊ လက်ရှိချိန်တွင် ငွေကြေးဆိုင်ရာ ၊ လျှပ်စစ်ဓာတ်အားဆိုင်ရာ ၊ အစိုးရလုပ်ငန်းဆိုင်ရာ စသည့် လုပ်ငန်း ပေါင်း ၁၅၀ ကျော် က ယင်းကွန်ရက်တွင် ပါဝင်လာကြောင်း သိရှိရသည်။

ကွမ်တန် ၏ ထူးခြားချက်ဖြစ်သည့် ခွဲထုတ်၍ မရခြင်း နှင့် ပုံတူပြုလုပ်၍ မရခြင်း စသည့် ထူးခြားချက်များကြောင့် ကွမ်တန်ဆက်သွယ်ရေး သည် နိယာမအားဖြင့် အကြွင်းမဲ့ လုံခြုံသော ဆက်သွယ်မှု ပုံစံဖြစ်ပြီး ကဏ္ဍများစွာတွင် လက်တွေ့အသုံးချသွားရန် အလားအလာရှိကြောင်း ၊ ဂြိုဟ်တု နှင့် မြေပြင် ကွမ်တန်ဆက်သွယ်ရေးကွန်ရက်တည်ဆောက်နိုင်ခဲ့ခြင်းသည် အနာဂတ်တွင် ကမ္ဘာတစ်ဝမ်းလုံးကို လွှမ်းခြုံနိုင်သော ကွမ်တန်ကွန်ရက်အတွက် သိပ္ပံဆိုင်ရာ အခြေခံကို ခင်းကျင်းပေးနိုင်ခဲ့ခြင်းဖြစ်ပြီး နှိုင်းယှဉ်နိယာမ နှင့် မြေထုဆွဲအားလှိုင်း စသည့် သိပ္ပံသုတေသနများ အတွက် မည်သည့်အချိန်အခါ မှ မရှိခဲ့ဖူးသော “အာကာသ-မြေပြင် စမ်းသပ်ခန်း” ကို ထောက်ပံ့ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
—————————————–
(Chinese Version)
从32厘米到4600公里!中国构建全球首个星地量子通信网
2021-01-07 08:16:58 分类: 科学技术
  新华社合肥1月7日电(记者徐海涛、刘方强)32年前,人类历史上首次量子通信在实验室诞生,传输了32厘米。而今,中国人将这个距离扩展了1400多万倍,实现了从地面到太空的多用户通信。中国科学技术大学7日宣布,中国科研团队成功实现了跨越4600公里的星地量子密钥分发,标志着中国已构建出天地一体化广域量子通信网雏形。该成果已在英国《自然》杂志上刊发。
  量子通信是量子科技三大方向之一,经过20多年努力,中国在该领域实现了从跟跑到领跑的重大转变。2016年,中国成功发射全球首颗量子科学实验卫星“墨子号”;2017年,建成世界首条量子保密通信干线“京沪干线”。
  “墨子号”牵手“京沪干线”,中国科学技术大学潘建伟、陈宇翱、彭承志等与中科院上海技术物理研究所王建宇研究组、济南量子技术研究院及中国有线电视网络有限公司合作,构建了全球首个星地量子通信网。经过两年多稳定性、安全性测试,实现了跨越4600公里的多用户量子密钥分发。
  “要实现广域量子通信,存在光子损耗、退相干等一系列技术难题,比如光子数在光纤里每传输约15公里就会损失一半,200公里后只剩万分之一。”潘建伟说,科研团队在光学系统等方面发展了多项先进技术,化解了这些难题。
  潘建伟介绍,《自然》杂志审稿人评价称,这是地球上最大、最先进的量子密钥分发网络,是量子通信“巨大的工程性成就”。
  据了解,整个网络覆盖中国四省三市32个节点,包括北京、济南、合肥和上海4个量子城域网,通过两个卫星地面站与“墨子号”相连,总距离4600公里,目前已接入金融、电力、政务等行业的150多家用户。
基于“不可分割”“不可克隆”等量子特性,量子通信被称为“原理上无条件安全”的通信方式,在多领域具有应用前景。星地量子通信网的建成,为未来实现覆盖全球的“量子网”奠定科技基础,也为相对论、引力波等科学研究,提供了前所未有的“天地实验室”。(完)

Photo

“墨子号”量子科学实验卫星与阿里量子隐形传态实验平台建立天地链路(2016年12月9日摄,合成照片)。 新华社记者 金立旺 摄