Connect with us

Social, Education & Health

အိုင်စီတီမြို့တော်အတွက် သန်လျင်မြို့နယ်တွင် တည်ဆောက်ရေးများ စတင်တော့မည်

သန်လျင်မြို့နယ်တွင် တည်ဆောက်မည့် အိုင်စီတီမြို့တော် ပုံစံငယ်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

သတင်းအချက် အလက်နှင့် နည်းပညာ ဆိုင်ရာ လုပ်ငန်းများ အခြေချ လုပ်ကိုင်နိုင်စေရေး အတွက် တည်ဆောက်မည့် အိုင်စီတီမြို့တော် အတွက် သန်လျင် မြို့နယ်တွင် မြေနေရာများ ရရှိထားပြီး ဖြစ်သဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို စတင် လုပ်ကိုင်သွား ရန်ရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ သတင်း ထုတ်ပြန်သည်။

လက်ရှိတွင် တက္ကသိုလ်များ လှိုင်နယ်မြေ၌ အိုင်စီတီ ကုမ္ပဏီများ စုပေါင်းကာ ရုံးခန်းများ ဖွင့်လှစ်ထားခြင်း ဖြစ်သော်လည်း မြေနေရာ ရရှိမှုနှင့် တည်ဆောက်ရေး ဆိုင်ရာ အခက်အခဲများကြောင့် ကျယ်ဝန်းသည့် အိုင်စီတီ ရပ်ဝန်းတစ်ခုကို တည်ထောင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ စီစဉ်ခြင်းဖြစ်သည်။ ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး တစ်ဖက်ကမ်းရှိ သန်လျင် မြို့နယ်တွင် မြေနေရာ ပေါင်း ၃၆၄ နေရာကို ဝယ်ယူထားပြီး နည်းပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ် တည်ထောင် သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ကာလကို နှစ်နှစ် သတ်မှတ်ထားပြီး လာမည့် ၂ဝ၁၈ ခုနှစ်တွင် သန်လျင် မြို့နယ်ရှိ အိုင်စီတီမြို့တော်ကြီး စတင်အသက် ဝင်လာနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.