Connect with us

Social, Education & Health

ယူနန်ပြည်နယ်ရှိ HIV ဝေဒနာရှင် ၁၂,၀၀၀ ကျော် တရုတ်ရိုးရာ ဆေးဝါး (TCM) ကုသမှုကြောင့် ရောဂါ အခြေအနေ သက်သာမှု ရရှိ

တရုတ်ရိုးရာဆေးဝါးများ(TCM) ဖြင့် ကုသမှု ခံယူနေသူ ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇန်နဝါရ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရှိ HIV/AIDS ဝေဒနာရှင်ပေါင်း ၁၂,၈၀၀ ဝန်းကျင်သည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ပြုလုပ်ခဲ့သည် တရုတ်ရိုးရာ ဆေးဝါး (TCM) ကုသမှု စီမံချက်ကြောင့် ရောဂါ အခြေအနေများ တိုးတက် ကောင်းမွန်လာကြောင်း ဒေသခံ အစိုးရက ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပြည်နယ်ဆိုင်ရာ TCM စီမံခန့်ခွဲရေး ဥက္ကဌ ကျောင်းရှီ က ကနဦး စီမံချက်အား ၂၀၀၅ ခုနှစ် ဇွန်လတွင် စတင် ဆောင်ရွက်ခဲ့ပြီး စီမံချက်တွင် ဗိုင်းရပ်စ် တိုးပွားမှုကို ရပ်တန့်စေကာ ကိုယ်ခံအား စနစ်ကို ကူညီ ထောက်ပံ့ပေးနိုင်သည့် ဆေးဖက်ဝင် အပင်များအသုံးပြု ကုထုံးများ နှင့် TCM တို့ကို ပေါင်းစပ် အသုံးပြုထား ကြောင်း သိရသည်။

HIV ဝေဒနာရှင် ၁,၁၃၁ ယောက်ထံမှ TCM ကုသမှု မခံယူခင် နှင့် ခံယူပြီးချိန် ရောဂါ အခြေအနေ များကို ရယူ နှိုင်းယှဉ် ပြီးနောက် ၄၀ ရာခိုင်နှုန်းသည် ကိုယ် အလေးချိန် တိုးတက်လာကာ ၁၈ ရာခိုင်နှုန်းမှာ ဖျားနာမှု လျော့နည်းသွားကြောင်း ကျန်း ကပြောကြားခဲ့သည်။

ယူနန်ပြည်နယ် တရုတ်ဆေးဝါး အကယ်ဒမီ ၏ ဥက္ကဌ ဟဲလီရှန်း က TCM ကုသမှုသည် ကိုယ်ခံအားကို တိုးတက် ကောင်းမွန်လာစေပြီး ဖျားနာခြင်း၊ ချောင်းဆိုးခြင်း နှင့် ဝမ်းလျှောခြင်း ကဲ့သို့သော လက္ခဏာ များကို သက်သာ စေနိုင်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ လကုန်အထိ တရုတ်နိုင်ငံ တွင် HIV ဝေဒနာရှင် ၅၇၅,၀၀၀ ဦး ရှိသည့် အနက် ၈၇,၆၃၄ ဦးမှာ ယူနန် ပြည်နယ်တွင် နေထိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.