Sport
မြန်မာနိုင်ငံက 2nd Men’s Asian Challenge ဟော်ကီ ပြိုင်ပွဲ ကို အိမ်ရှင် အဖြစ် ကျင်းပမည်

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပမည့် 2nd Men’s Asian Challenge ဟော်ကီ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှ ၂ဝ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူ မြက်ခင်းတု ဟော်ကီကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင် ၊ သိရီလင်္ကာ၊ အင်ဒိုနီးရှား တို့မှ အားကစားသမား ၁ဝဝ ကျော် ပါဝင်ယှဉ် ပြိုင်ကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟော်ကီ အဖွဲ့ချုပ်မှ သိရသည်။
ယခုပြိုင်ပွဲတွင် (၂၈) ကြိမ်မြောက် ဆီးဂိမ်းတွင် တတိယ ရရှိခဲ့သည့် အသင်းကို စုစည်းပြီး လူငယ် မျိုးဆက်သစ် အားကစားသမား၂၈ ဦးကို ပါကစ္စတန်နိုင်ငံမှ နည်းပြနှင့် စက်တင်ဘာလမှ စတင် လေ့ကျင့်လျက် ရှိပြီး ယခု နိုဝင်ဘာလ ကုန်တွင် လက်ရွေးစင် ကစားသမား ၁၈ ဦးကို ရွေးချယ်ကာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ရရှိသည့်အသင်း နှစ်သင်းသည် ၂ဝ၁၇ ခုနှစ်တွင် ကျင်းပမည့် အာရှ ဟော်ကီ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)