Connect with us

Sport

မန်ယူအသင်း ရာသီကြို ခြေစမ်းပွဲခရီးစဉ် အဖြစ် တရုတ်နိုင်ငံ၌ လာရောက် ကစားမည်

မန်ချက်စတာ ယူနိုက်တက် အသင်းသားများ ပြိုင်ဘက် အသင်းအား ဂိုးသွင်းအပြီး အောင်ပွဲခံနေပုံ ( ဆင်ဟွာ)

လန်ဒန် ၊ မတ် ၂၃ ရက် ( ဆင်ဟွာ )

၂၀၁၆-၂၀၁၇ ပရီးမီးယာလိဂ် ပြိုင်ပွဲ၏ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အဖြင့် မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းသည် တရုတ်နိုင်ငံ၌ ၈ ရက်ကြာ ခြေစမ်းခရီးစဉ် လာရောက်မည်ဟု အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံတွင် မန်ယူအသင်းကို အားပေးသည့် ပရိသတ် ဦးရေ ၁၀၇ သန်းထိ ရှိနေပြီး တစ်ကမ္ဘာလုံးရှိ မန်ယူအသင်းကို အားပေးနေသော ဦးရေထက် ပိုများသည်ဟု ဆိုသည်။ အဆိုပါ မန်ယူအသင်း၏ ၈ ရက်ကြာ ခြေစမ်းခရီးစဉ်တွင် လက်မှတ်ဈေးနှုန်း အပါအဝင် ၊ မည်သည့် နေ့ရက် တွင် ကစားမည်၊ မည်သည့် အသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဟူသည့် အသေးစိတ် အချက်အလက်များကို ထပ်မံ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မန်ယူ အသင်းသည် ၁၉၇၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ပထမဆုံးအကြိမ် ခြေစမ်းပွဲ ခရီးစဉ် လာရောက်ခဲ့ပြီး ၊ နောက်ပိုင်းတွင် ၉ ကြိမ်တိတိ ထပ်မံ လာရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်များ အတွင်း တရုတ်နိုင်ငံ အခြေစိုက် ပြည်တွင်း ကလပ် အသင်းများနှင့် ၁၂ ပွဲတိတိ ခြေစမ်းခဲ့သည်။ နောက်ဆုံး ခြေစမ်းပွဲ ခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် ဂျူလိုင်လတွင် ဟောင်ကောင် Kitchee SC အသင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး အဆိုပါပွဲစဉ်ကို ပရိသတ် လေးသောင်းကျော် လာရောက် အားပေးခဲ့ပြီး သန်းပေါင်းများစွာသော မန်ယူပရိသတ် တို့က ရုပ်မြင်သံကြား ဖန်သားပြင်မှ တဆင့် ကြည့်ရှု အားပေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် မန်ယူအသင်း၏ တရုတ်နိုင်ငံခရီးစဉ် နှင့်ပတ်သက်ပြီး မန်ယူအသင်း ဒုတိယဥက္ကဋ္ဌ Ed Woodward က “ တရုတ်နိုင်ငံမှာ ကစားခဲ့တဲ့ မန်ယူပွဲစဉ်တွေမှာ စုစုပေါင်း ပရိသတ် ၅ သိန်းလောက် လာရောက်အားပေးခဲ့တယ်။ အဲဒီနိုင်ငံမှာ ကျနော်တို့အသင်းကို အားပေးသူတွေ အများကြီး ရှိတဲ့အတွက် ကျေနပ်အားရမိပါတယ် ” ဟု ပြောကြားထားသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.