Connect with us

ASEAN

အိန္ဒိယတွင် ကပ်ရောဂါ တတိယလှိုင်းကို ‌ရှောင်လွှဲ၍မရနိုင်တော့ဟု ဆို

နယူးဒေလီ၊ မေ ၆ ရက်(ဆင်ဟွာ)

အိန္ဒိယတွင် လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနှုန်းက မလျော့သွားဘဲ ဆက်လက်မြင့်မားနေရာ ကပ်ရောဂါ တတိယလှိုင်းကို ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း အိန္ဒိယနိုင်ငံ အစိုးရ သိပ္ပံဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် K. VijayRaghavan က မေ ၅ ရက်တွင် ပြောကြားခဲ့သည်။

ကပ်ရောဂါတတိယလှိုင်းမည်သည့်အချိန်၊မည်သည့်ပမာဏဖြင့် ဖြစ်ပွားလာမည်ကို လက်ရှိ ရှင်းလင်းစွာ မသိရသေးသော်လည်း ထို့အတွက် ပြင်ဆင်မှုများ လုပ်သင့်ကြောင်း K. VijayRaghavanက ဆိုသည်။

လက်ရှိ အိန္ဒိယတွင် ကပ်ရောဂါ ဒုတိယလှိုင်း၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရသည်။ အိန္ဒိယနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မေ ၅ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြီးခဲ့သည့် (၂၄)နာရီအတွင်း အသစ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာ (၃၈၂,၃၁၅)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၂၀,၆၆၅,၁၄၈)ဦး၊ ထပ်တိုးသေဆုံးသူ(၃,၇၈၀)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၂၂၆,၁၈၈)ဦး ရှိကြောင်း သိရသည်။ အိန္ဒိယ၏နေ့စဉ်ထပ်တိုးလူနာဦးရေသည် ရက်သတ္တပတ် နှစ်ပတ်ဆက်တိုက် (၃)သိန်းကျော် ရှိနေခဲ့သည်။

ဒေသခံ မီဒီယာများ၏ မေ ၅ ရက် သတင်းများအရ အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့ Nehruတိရစ္ဆာန်ဥယျာဉ်ရှိ အာရှခြင်္သေ့ (၈)ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။ ယင်းခြင်္သေ့များကို သီးခြားခွဲထားဆေးကုသမှုပေးလျက်ရှိပြီး လက်ရှိ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)
(国际疫情)印度官员表示该国第三波新冠疫情不可避免
2021-05-06 05:17:58
  新华社新德里5月5日电(记者胡晓明)印度政府首席科学顾问维贾伊•拉加万5日表示,鉴于目前新冠病毒传播水平居高不下,印度将不可避免发生第三波疫情。
印度目前正在遭受第二波疫情的冲击。印度卫生部5日公布的数据显示,该国过去24小时新增新冠确诊病例382315例,累计确诊20665148例;新增死亡病例3780例,累计死亡226188例。印度单日新增确诊病例已连续两周超过30万例。
  另据印度媒体5日报道,在印度南部城市海得拉巴的尼赫鲁动物园,8只亚洲狮被确诊感染新冠病毒。这些狮子已被隔离并接受治疗,目前状况良好。(完)
图说1:5月5日,人们在印度新德里等待填充氧气瓶。