Connect with us

ASEAN

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် အသွားအလာကန့်သတ်မှု ပြန်လည်ဆောင်ရွက်

ကွာလာလမ်ပူ ၊ မေ ၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံအစိုးရ က ယခုလ ၇ ရက် မှ ၂၀ ရက်အထိ နိုင်ငံမြို့တော် ကွာလာလမ်ပူတွင် အသွားအလာကန့်သတ်မှု ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းဆောင်ရွက်မှုဖြင့် လတ်တလောရက်ပိုင်းတွင် COVID-19 ရောဂါ ထပ်မံကူးစက်မှုမြင့်တက်လာသည့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေလ ၅ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

မလေးရှားနိုင်ငံ၌ ကပ်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် တာဝန်ယူဆောင်ရွက်နေသည့် ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က မေလ ၅ ရက်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ကွာလာလမ်ပူတွင် ဧပြီလမှစတင်၍ လူ့အသိုင်းအဝိုင်းတွင် COVID-19 ရောဂါကူးစက်ခံရမှု ၁၇ ခုဖြစ်ပွားခဲ့ပြီး နေ့စဉ် ရောဂါထပ်မံကူးစက်ခံရမှုမှာလည်း မြင့်တက်လာမည့် အလားအလာရှိနေကြောင်း ၊ အစိုးရအနေဖြင့် မေလ ၇ ရက်မှ ၂၀ ရက်အထိ ကွာလာလမ်ပူတွင် အသွားအလာကန့်သတ်သည့် အမိန့်ကို ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသွားအလာကန့်သတ်မှု ကြေညာထားသည့်ဒေသတွင် အရေးပေါ်အခြေအနေအရ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုများမှ လွဲ၍ ပြည်သူလူထုအနေဖြင့် ပြည်နယ်ဖြတ်ကျော် သွားလာခွင့်မရှိကြောင်း ၊ စားသောက်ခန်း နှင့် လူမှုရေးလှုပ်ရှားမှုများအပေါ် ကန့်သတ်မှုများဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်တိုက် နှင့် ဈေးများ အပေါ် လုပ်ငန်းလည်ပတ်သည့် အချိန်ကို ကန့်သတ်မှုများဆောင်ရွက်သွားမည်ဖြစ်ကာ လုပ်ငန်းလည်ပတ်သည့် နေရာများတွင်လည်း ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ချက်များကို တင်းကျပ်စွာလိုက်နာရမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းမတိုင်မှီ မေလ ၄ ရက်တွင်လည်း မလေးရှားနိုင်ငံအစိုးရက ဆီလန်ဂေါပြည်နယ် အတွင်းရှိ ကွာလာလမ်ပူ အနီးပတ်ဝန်းကျင်က ဒေသ ၆ ခုကို အသွားအလာကန့်သတ်မှု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။မလေးရှားနိုင်ငံတွင် ဇန်နဝါရီ လကုန်ပိုင်းအချိန်၌ နေ့စဉ် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူဦးရေ သည် ၅ ထောင်ကျော်အထိ ရောက်ရှိခဲ့ပြီး မလေးရှားနိုင်ငံအစိုးရ အနေဖြင့် ဇန်နဝါရီ ၁၃ ရက်မှ စတင်၍ ကပ်ရောဂါအခြေအနေဆိုးရွားသည့် ကွာလာလမ်ပူစသည့် ဒေသများတွင် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ အသွားအလာကန့်သတ်မှု အမြင့်ဆုံးအဆင့်ကို ဆောင်ရွက်ခဲ့သည်။

ကပ်ရောဂါကူးစက်မှု ပြန့်ပွားလာသည်နှင့်အမျှ အသွားအလာကန့်သတ်မှုဆောင်ရွက်သည့် အတိုင်းအတာမှာလည်း ဆာရာဝတ်ပြည်နယ်မှလွဲ၍ တစ်နိုင်ငံလုံးအတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်ခဲ့ရသည်။ မလေးရှားနိုင်ငံတွင် တင်းကျပ်သော ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုများပြုလုပ်ခဲ့သောကြောင့် နေ့စဉ် ရောဂါထပ်မံကူးစက်ခံရမှု သိသာစွာ ကျဆင်းလာခဲ့သည်။ ထို့ကြောင့် မလေးရှားနိုင်ငံအစိုးရ က မတ်လဆန်းပိုင်းမှစတင်၍ တစ်နိုင်ငံလုံးတွင် ဆောင်ရွက်နေသော အသွားအလာကန့်သတ်မှုများ အနက် ကွာလာလမ်ပူ ၊ ဆီလန်ဂေါပြည်နယ် ၊ ဂျိုဟိုး နှင့် ပီနန် ပြည်နယ်တို့တွင် မတ်လ ၅ ရက်မှစတင်၍ အသွားအလာကန့်သတ်မှုများကို ပြန်လည်ဖြေလျော့ပေးလိုက်ကြောင်း သိရှိရသည်။

လတ်တလောရက်ပိုင်းတွင် မလေးရှားနိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လျက်ရှိသည်။ မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၅ ရက်၌ ထုတ်ပြန်ခဲ့သော ကပ်ရောဂါဆိုင်ရာ စာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မလေးရှားနိုင်ငံတွင် လူပေါင်း ၃,၇၄၄ ဦး COVID-19 ရောဂါထပ်မံကူးစက်ခံခဲ့ရပြီး ကူးစက်ခံရသူ စုစုပေါင်း ၄၂၄,၃၇၆ ဦးအထိရောက်ရှိလာခဲ့ကြောင်း နှင့် ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁,၅၉၁ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ (Xinhua)
———————————————-
(Chinese Version)
(国际疫情)马来西亚首都将再次实施“行动管制令”
2021-05-05 22:10:40 分类: 科学技术
  新华社吉隆坡5月5日电(记者林昊 郁玮)马来西亚政府5日宣布,自本月7日至20日重新在首都吉隆坡实施“行动管制令”,以应对近期日增病例数呈上升之势的新冠疫情。
  负责协调疫情防控的马来西亚国防部长伊斯梅尔•萨布里•雅各布5日在一份声明中表示,根据卫生部门的报告,吉隆坡自4月以来已出现17起群体感染新冠事件,单日新增病例数也呈上升之势,因此政府决定自7日至20日在吉隆坡实施“行动管制令”。该地民众除了紧急情况或工作事务外不得跨州出行,禁止堂食和社交活动,限制商场、市场的营业时间并要求这些经营场所必须严格遵守防疫规定。
  此前一天,马来西亚政府宣布在临近吉隆坡的雪兰莪州的6个地区实施“行动管制令”。
  马来西亚单日新增新冠病例数1月底曾超过5000例,马政府1月13日在疫情较严重的吉隆坡等地实施防疫级别最高的“行动管制令”。随着疫情蔓延,“行动管制令”实施范围一度扩大至全国除沙捞越州外的所有地区。严格防疫管控使该国单日新增病例数下降明显。因此,马政府于3月初决定,全国仍在实施“行动管制令”的吉隆坡、雪兰莪州、柔佛州、槟城从3月5日开始实施相对宽松的“有条件行动管制令”。
  近期马来西亚新冠疫情再度反弹。据马卫生部5日发布的疫情数据,该国较前一日新增确诊病例3744例,累计确诊424376例,累计死亡1591例。(完)

Photo
5月5日,人们在马来西亚吉隆坡接种新冠疫苗。 新华社发(张纹综摄)