Connect with us

CHINA

ပေကျင်းမြို့တွင် သုံးရက်ဆက်တိုက် COVID-19 ပြည်တွင်းကူးစက်မှုအသစ်မရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့ ရှီချန်းခရိုင်တွင် ရောဂါစစ်ဆေးရေးရွေ့လျားယာဉ်ပေါ်မှ ကျန်းမာရေးဝန်ထမ်းများက လူများထံမှ အာခေါင်တို့ဖတ် ရယူနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဇူလိုင် ၈ ရက်၌ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုအသစ်မရှိကြောင်း မြို့တော် ကျန်းမာရေးကော်မရှင်က ဇူလိုင် ၉ ရက်တွင် ပြောကြားလိုက်သည်။ 

ယင်းမှာ မြို့တော်ပေကျင်း၌ သုံးရက်ဆက်တိုက် COVID-19 ပြည်တွင်းကူးစက်မှုအသစ်မရှိသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ ဇူလိုင် ၈ ရက်က ရောဂါဖြစ်ပွားကြောင်း သံသယလူနာအသစ်မရှိသလို ရောဂါလက္ခဏာမပြသူတစ်ဦးနှင့် ရောဂါပြန်လည်သက်သာလာ၍ ဆေးရုံမှဆင်းခွင့်ရသူ ၃၂ ဦးရှိကြောင်း ကျန်းမာရေးကော်မရှင်က နေ့စဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ပေကျင်းမြို့တွင် ဇွန် ၁၁ ရက်မှ ဇူလိုင် ၈ ရက်အထိ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု အတည်ပြုလူနာ ၃၃၅ ဦးရှိခဲ့ရာ ယင်းအနက် ၂၇၅ ဦးမှာ ဆေးရုံတွင် တက်ရောက်ကုသနေဆဲဖြစ်ပြီး ၆၀ ဦးမှာ ရောဂါသက်သာ၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း၊ ရောဂါလက္ခဏာမပြသူ ၂၆ ဦးကို ကျန်းမာရေးစောင့်ကြည့်လျက်ရှိကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.