Connect with us

CHINA

COVID-19 ရောဂါ မူလအစကို ခြေရာခံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကျွမ်းကျင်သူများအား တရုတ်နိုင်ငံသို့ WHO စေလွှတ်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇူလိုင် ၈ ရက် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့အကြား ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် COVID-19 ဗိုင်းရပ်စ်၏ မူလအစကို ခြေရာခံရေး သိပ္ပံပညာအခြေခံပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် အကြံဉာဏ်ဖလှယ်ရန် WHO မှ ကျွမ်းကျင်သူများ ပေကျင်းသို့ စေလွှတ်သွားမည်ကို တရုတ်အစိုးရက သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။ 

WHO မှ ကျွမ်းကျင်သူများသည် ရောဂါ၏ တိရစ္ဆာန်မှ လူသို့ကူးစက်မှု အရင်းအမြစ်ကို ခွဲခြမ်းစိတ်ဖြာရန်အတွက် သိပ္ပံပညာရပ်ဆိုင်ရာအစီအစဉ်များ ပြင်ဆင်ရန် တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း၊ နှစ်ဘက်လုံးအနေဖြင့် WHO ဦးဆောင်သော နိုင်ငံတကာမစ်ရှင်အတွက် နယ်ပယ်နှင့် သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်ကို တိုးတက်စေလိမ့်မည်ဖြစ်ကြောင်း ကျောက်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။ 

“ဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်ကို ခြေရာခံခြင်းက သိပ္ပံပညာရပ်ဆိုင်ရာကိစ္စဖြစ်ပြီး ကမ္ဘာတစ်ဝန်း နိုင်ငံတကာ သုတေသနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် သိပ္ပံပညာရှင်တွေက လေ့လာသွားသင့်တယ်” ဟု ကျောက်ကဆိုသည်။ WHO အနေဖြင့် အမှန်တကယ်လိုအပ်ပါက အခြားသော နိုင်ငံများနှင့် ဒေသများသို့လည်း အလားတူခရီးစဉ်များ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ WHO နှင့် တရုတ်နိုင်ငံတို့သည် ကပ်ရောဂါဖြစ်ပွားမှုစတင်ကတည်းက ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းလျက်ရှိကြောင်း ကျောက်က ဆိုသည်။  (Xinhua)