Connect with us

CHINA

တရုတ်နိုင်ငံတွင် ပြန်လည်ကောင်းမွန်လာသော COVID-19 လူနာများအား ထပ်မံစစ်ဆေးရန် လုပ်ငန်းအစီအစဉ်အဖွဲ့ ဖွဲ့စည်းထား

တရုတ်နိုင်ငံ၌ ဟန်ကျို၌ ကိုရိုနာဗိုင်းရပ်စ် လူနာတစ်ဦးအား ဆရာဝန်များက ခွဲစိတ်ကုသနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက COVID-19 ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာသူများအား သီးခြာနေထိုင်ရန်(quarantine ) ၊ ဆရာဝန်ပြန်ပြရန် ၊ ရောဂါရှိမရှိ ပြန်လည် စမ်းသပ်စစ်ဆေးမှု ခံယူရန် နှင့် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုခံယူရန် ဆိုင်ရာ လုပ်ငန်းအစီအစဉ် အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ တရုတ်နိုင်ငံတော်ကောင်စီ ပူးတွဲကာကွယ်ရေး နှင့် ထိန်းချုပ်ရေးယန္တရားမှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ လုပ်ငန်းအဖွဲ့၏ လမ်းညွှန်မှု အစီအစဉ်အရ COVID-19 ပြန်လည်သက်သာကောင်းမွန်လာသူများအနေဖြင့် ၎င်းတို့ နေအိမ်၌ ဖြစ်စေ ၊ သီးသန့်နေထိုင်ရေး စင်တာ၌ ဖြစ်စေ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုခံယူရန် နောက်ထပ် ၁၄ ရက် နေထိုင်သွားရမည်ဖြစ်သည်။

ထိုသို့ သီးသန့်ခွဲခြားနေထိုင်စဉ် ရောဂါပျောက်ကင်းလူနာများအနေဖြင့် နေ့စဉ် အပူချိန်တိုင်းခြင်း နှင့် ချောင်းဆိုးခြင်း နှင့် အသက်ရှူခက်ခဲခြင်းများ အပါအဝင် အသက်ရှူကြပ်ရောဂါလက္ခဏာများ နှင့် အဖျား စောင့်ကြည့်ခြင်းများကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းအဖွဲ့က ဆိုသည်။

ရောဂါ ရှိမရှိ ပြန်လည်စစ်ဆေးမှုခံယူကြမည့် လူနာများအတွက် COVID-19 သီးသန့်ဆေးရုံများကို ထားရှိပေးသွားမည်ဖြစ်ကြောင်း နှင့် ၎င်းတို့အနေဖြင့် ဆေးရုံမှ ဆင်းသွားပြီးနောက် ၂ ပတ် မှ ၄ ပတ်အတွင်း နောက်ထပ်တစ်ကြိမ်ရောဂါ ရှိမရှိ ပြန်လည်စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း အဖွဲ့ကဆိုသည်။ ထိုသို့ ပြန်လည်စစ်ဆေးမှု ခံယူကြမည့်သူများအတွက် ၎င်းတို့ ၏ သလိပ်နမူနာများသည် အထိရောက်ဆုံး နှင့် အကောင်းဆုံး စစ်ဆေးစရာ တစ်ခုဖြစ်ကြောင်း ဆက်လက်ပြောကြားထားသည်။

ဆေးရုံမှ ဆင်းခွင့်ရရှိခဲပြီးသော လူများအနေဖြင့်  ကိုယ်အပူချိန်တက်ခြင်း ၊ ချောင်းဆိုးခြင်း ၊ ၎င်းတို့၏ လည်ချောင်းတွင် ဆိုးရွားသော အခြေအနေများရှိကြောင်း CT အဖြေများထွက်လာခြင်း အပါအဝင် စသည့်လက္ခဏာများပေါ်ပေါက်ပါက  COVID-19 လူနာအဖြစ် ထပ်မံအတည်ပြုကာ သီးခြားအုပ်စုတစ်ခုအဖြစ် ခွဲခြားထားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့သော လူနာများသည် ဆေးရုံတွင် ကုသမှု ဆက်လက်ခံယူသွား ရမည်ဖြစ်ကြောင်း လုပ်ငန်း အစီအစဉ်အဖွဲ့က ဆိုသည်။  (Xinhua)