Connect with us

WORLD

ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ကပ်ရောဂါကို အတူတကွတိုက်ဖျက်သင့်ကြောင်း ဘီလ်ဂိတ် ပြောကြား

Bill & Melinda Gates Foundation ပူးတွဲဥက္ကဋ္ဌ ဘီလ်ဂိတ်အား တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

Bill & Melinda Gates Foundation ပူးတွဲဥက္ကဋ္ဌ ဘီလ်ဂိတ်အား ပြင်သစ်နိုင်ငံ Le Figaro သတင်းစာက  သီးသန့် တွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူးဆောင်ပါးကို ဧပြီ ၂၈ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ 

ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ဘီလ်ဂိတ်က COVID-19 ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာတွင် လက်ရှိအနေဖြင့် ပထမဆုံး လုပ်ဆောင်ရမည်မှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ရမည်ဖြစ်ရာ အလျင်စလို တရုတ်နိုင်ငံအား မစွပ်စွဲသင့်ဟု ဆိုသည်။ 

ကပ်ရောဂါအခြေအနေနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက ဖုံးကွယ်သိုဝှက်ထားခြင်း ရှိမရှိကို မေးမြန်းရာတွင် ဘီလ်ဂိတ်က တရုတ်အနေနှင့်  ပွင့်လင်းစွာ ကိန်းဂဏန်အချက်အလက်များကို ချပြခဲ့သလို ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ရန် တင်းကြပ်သည့်နည်းလမ်းများနှင့် အစွမ်းကုန် ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကို အဖွဲ့ဝင်ကြေးယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့်အပေါ် ဘီလ်ဂိတ်က “ကပ်ရောဂါကြီးပြန့်နှံ့နေချိန်မှာ WHOအား ပံ့ပိုးမှုကို လျှော့ချပစ်တာဟာ ဘယ်လိုအဓိပ္ပါယ်ကြောင့်လည်းဆိုတာ ကျွန်တော် နားမလည်ဘူး”ဟု ဆိုသည်။

WHOနှင့်အမေရိကန်နိုင်ငံသည် နီးကပ်သည့် ဆက်သွယ်မှုများရှိကြောင်း၊ အမေရိကန်  ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(CDC)မှ WHOတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ထားသည့် အရေအတွက်လည်း မနည်းကြောင်း ဘီလ်ဂိတ်က ပြောကြားခဲ့သည်။ 

ကပ်ရောဂါဖြစ်ပွားမှုကတစ်ဆင့် ဂလိုဘယ်လိုက်ဇေးရှင်း၏အားနည်းချက်ကို ပေါ်လွင်စေသည်ဟု တစ်ချို့က ယူဆနေကြရာ အထူးသဖြင့် ဆေးဝါးပစ္စည်းစသည့် ထုတ်ကုန်များတွင် တရုတ်အား များစွာအလေးထားနေရသည့် အမြင်အပေါ် ဘီလ်ဂိတ်အနေဖြင့် စိတ်ပျက်ဖွယ်အမြင်ဖြစ်ကြောင်း ဆိုသည်။ “ကပ်ရောဂါကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ ဆေးဝါးကုန်ကြမ်းဈေးကွက်ပံ့ပိုးမှု ပြတ်လပ်ခြင်း မရှိခဲ့ဘူး။ တကယ်တော့ ဒါဟာ တရုတ်နိုင်ငံက လက်ရှိ ကုန်ကြမ်းပံ့ပိုးမှု အားထားစိတ်ချရတဲ့နိုင်ငံ ဖြစ်နေလို့ပဲ။ဒါပေမဲ့ အနောက်နိုင်ငံတွေအနေနဲ့ ကပ်ဘေးအန္တရာယ်ကို တုံ့ပြန်မှုနှေးခဲ့ကြတယ်။ ကျွန်တော်အနေနဲ့ပြောရရင် အကျပ်အတည်းကာလမှာ အပြင်လူကို ဖယ်ကျဉ်တဲ့ အမြင်ကတော့ အဓိပ္ပါယ်မရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)