Connect with us

WORLD

ပရီးမီးယားလိဂ်ကစားသမားများ COVID-19 ကူးစက်ခံရခြင်းရှိ/မရှိ နောက်ဆုံးအကြိမ်စမ်းသပ် စစ်ဆေးမှုတွင် ပိုးတွေ့သူ မရှိဟု ဆို

ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖြစ်သော မန်ယူ နှင့် ချယ်ဆီးလ်အသင်းတို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ယှဉ်ပြိုင် ကစားနေစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများအား COVID-19 ကူးစက်ခံရခြင်းရှိ/မရှိ သိနိုင်ရန် ၆ ကြိမ်မြောက် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ပိုးကူးစက်ခံထားရသည့် Positive ဖြစ်သူ မတွေ့ရှိကြောင်း ပရီးမီးယားလိဂ်တာဝန်ရှိသူများက ဇွန် ၆ ရက်က အတည်ပြုပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကစားသမား ၁,၁၉၅ ဦး နှင့် ကလပ်အသင်းများမှ ဝန်ထမ်းများကို ဇွန် ၄ ရက် နှင့် ၅ ရက်များတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ယခင် ရှေ့ ၅ ကြိမ်အတွင်း စမ်းသပ်စစ်ဆေးမှုပေါင်း  ၅,၀၇၉ ခုကို ပြုလုပ်ခဲ့ရာ၌ COVID-19 ကူးစက်ခံထားရသူ ၁၃ ဦးတွေ့ရှိခဲ့ရကြောင်း သိရသည်။

COVID- 19 ကူးစက်ပျံ့နှံ့မှုကြောင့် ပရီးမီးယားလိဂ်၏ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်က ရပ်ဆိုင်းထားခဲ့ရပြီး အဆိုပါပြိုင်ပွဲအား လာမည့် ဇွန် ၁၇ ရက်တွင် ပြန်လည်ကျင်းပနိုင်ရန် ယာယီရက် သတ်မှတ်ထားကြောင်း သိရသည်။

ယခုနှစ်ဘောလုံးရာသီအတွက် ပရီးမီးယားလက်ကျန်ပွဲစဉ်ပေါင်း ၉၂ ပွဲရှိနေပြီး ပထမဆုံးပြန်လည်ကျင်းပမည့်ပွဲစဉ်များအဖြစ် အက်စတွန်ဗီလာက ရှက်ဗီးယူနိုက်တက် အသင်းအား အိမ်ကွင်း၌ ဧည့််ခံကစားသွားရန် နှင့် မန်ချက်စတာစီးတီးအသင်းက အာဆင်နယ်အသင်းအား ရင်ဆိုင်ကစားသွားရန် အသီးသီးရှိနေကြောင်း သိရသည်။(Xinhua)