Connect with us

WORLD

ဂျပန်နိုင်ငံ၌ ၃ လကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် COVID-19 ရောဂါ ထပ်တိုးသေဆုံးသူမရှိ

ဂျပန်နိုင်ငံ တိုကျိုမြို့မြင်ကွင်အား မေ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ဇွန် ၇ ရက်က COVID-19 ရောဂါ အသစ်ထပ်တိုး အတည်လူနာ ၃၈ ဦးရှိပြီး ထပ်တိုး သေဆုံးသူမရှိကြောင်းနှင့် လက်ရှိ စုစုပေါင်း အတည်ပြုလူနာ၁၇,၂၀၂ ဦး၊ သေဆုံးသူ စုစုပေါင်း ၉၁၆ ဦး ရှိကြောင်း   NHKသတင်းဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ယင်းနေ့သည် ဂျပန်နိုင်ငံတွင် မတ် ၆ ရက်မှစ၍ ၃ လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် COVID-19 သေဆုံးလူနာမရှိခြင်းဖြစ်ကြောင်း သိရသည်။ကိန်းဂဏန်းများအရ တိုကျိုမြို့တွင် ဇွန် ၇ ရက်က အသစ်ထပ်တိုးအတည်ပြုလူနာ ၁၄ ဦး ဖြင့် စုစုပေါင်းအတည်ပြုလူနာ ၅,၃၈၃ ဦး ၊ Fukuoka စီရင်စု Kitakyushuမြို့တွင် အသစ်ထပ်တိုးလူနာ ၃ ဦးနှင့် လေဆိပ်တွင် ဘရာဇီး၊ပီရူးစသည့်နိုင်ငံများမှ ဝင်ရောက်လာသော အတည်ပြုလူနာ ၆ ဦး ရှိကြောင်း သိရသည်။ 

ဂျပန်နိုင်ငံ တိုကျိုမြို့မြင်ကွင်အား မေ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့မြင်ကွင်အား မေ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အလုပ်သမား၊ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဇွန် ၇ ရက် အချက်အလက်များအရ နိုင်ငံအတွင်း ရောဂါသက်သက်ပျောက်ကင်း၍ ဆေးရုံဆင်းသူ သို့မဟုတ် သီးခြားခွဲထားမှုမှ လွတ်ကင်းသွားသူ ၁,၅၁၃၉ ဦး နှင့် PCR စစ်ဆေးထားသူ စုစုပေါင်း  ၃၁၄,၀၀၀ ဦး ခန့်ရှိကြောင်း သိရသည်။ (Xinhua)