Connect with us

WORLD

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၇ ရက်အထိ COVID-19 ကြောင့် သေဆုံးသူ ၂၄၀,၀၀၀ ကျော်နိုင်ကြောင်း CDC ခန့်မှန်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ဂျော့ရှ်ဝါရှင်တန်တက္ကသိုလ်ဆေးရုံတွင် ဆေးရုံကားတစ်စီးမှ လူနာတစ်ဦးကို ရွှေ့ပြောင်းနေစဉ် (ဓာတ်ပုံ- Ting Shen/Xinhua)

ဝါရှင်တန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ဝေသော စုပေါင်းခန့်မှန်းချက်အသစ်တစ်ခု၌ အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၇ ရက်အထိ CDC သေဆုံးသူအရေအတွက်မှာ ၂၄၀,၀၀၀ ကျော်နိုင်သည်ဟု ခန့်မှန်းကြောင်း ဖော်ပြထားသည်။

အမျိုးသားအဆင့် စုပေါင်းခန့်မှန်းချက်အသစ်က နိုဝင်ဘာ ၇ ရက်တွင် ကုန်ဆုံးမည့်သီတင်းပတ်အတွင်း COVID-19 ကြောင့် သေဆုံးသူအသစ်အရေအတွက်အနေဖြင့် ၃,၄၀၀ ဦးမှ ၇,၁၀၀ ဦးအထိရှိနိုင်ပြီး စုစုပေါင်းသေဆုံးသူအရေအတွက်မှာ ၂၂၉,၀၀၀ ဦးမှ ၂၄၀,၀၀၀ ဦးအထိရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ ဖော်ပြထားသော ထပ်မံသေဆုံးနိုင်သူအရေအတွက်မှာ အခြားပြည်နယ်များနှင့် နယ်မြေများ၌ တည်တည်ငြိမ်ငြိမ်ဆက်ရှိနေရန်မသေချာကြောင်း ခန့်မှန်းချက်အသစ်က ဆိုသည်။  

ကပ်ရောဂါဖြစ်ပွားသည်မှာ လများစွာကြာမြင့်လာပြီဖြစ်ပြီး အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းအထိ COVID-19 အတည်ပြုလူနာအရေအတွက်မှာ ၇,၉၆၆,၀၀၀ ဦးကျော်နှင့် သေဆုံးသူအရေအတွက်မှာ ၂၁၇,၆၀၀ ဦးကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချိန်နှင့်တစ်ပြေးညီ စာရင်းကောက်ယူထားချက်အရ သိရသည်။  (Xinhua)