Connect with us

WORLD

ဥဇဘက်ကစ္စတန်နိုင်ငံက တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်ရန် စီစဉ်

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Sinovac Biotech လီမိတက်တွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများကို တွေ့ရစဉ် (ဆင်ဟွာ)

တက်ရှ်ခန့်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ဥဇဘက်ကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး (recombinant coronavirus vaccine) လက်တွေ့စမ်းသပ်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

ဝန်ကြီးဌာနက တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ၏ အဏုဇီဝဗေဒအင်စတီကျူ့နှင့် ကာကွယ်ဆေးဖော်ထုတ်သူ Anhui Zhifei Longcom ဇီဝဆေးဝါးကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ China National Pharmaceutical Group (Sinopharm) ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံတွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများကို စမ်းသပ်နေစဉ် (ဆင်ဟွာ)

“ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ရဲ့ antigen မျက်နှာပြင်က ပရိုတိန်းမျိုးဗီဇနဲ့ စီမံဖော်ထုတ်ထားတာဖြစ်ပြီး adenovirus နဲ့ inactivated ကာကွယ်ဆေးပုံစံတွေနဲ့ ဘေးကင်းစိတ်ချမှု အတိုင်းအတာမြင့်မားပါတယ်” ဟု ဝန်ကြီးဌာနက ပြောခဲ့သည်။
 
ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို အသက် ၁၈ နှစ်အထက် စေတနာ့ဝန်ထမ်းများတွင် ဆောင်ရွက်မည်ဟု မျှော်မှန်းထားပြီး တရုတ်နိုင်ငံမှ အထူးကျွမ်းကျင်သူများက စမ်းသပ်မှုများမစတင်မီ ကာကွယ်ဆေးထိုးနှံခြင်း အခြေအနေများကို သင်တန်းပေးသွားမည် ဖြစ်သည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၆၄,၃၃၅ ဦးရှိပြီး COVID-19 ရောဂါဆက်စပ်၍ သေဆုံးသူ ၅၃၈ ဦးနှင့် ပြန်လည်သက်သာလာသူ ၆၁,၄၂၃ ဦး ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.