Connect with us

WORLD

တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး အသစ်တစ်သုတ် ချီလီနိုင်ငံ လက်ခံရရှိ

ချီလီနိုင်ငံသမ္မတ Sebastian Pinera က ဖေဖော်ဝါရီ ၁၂ ရက်တွင် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

ဆန်တီယေဂို၊ဧပြီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော CoronaVac ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ်သည် ချီလီနိုင်ငံသို့ ဧပြီ ၁၀ ရက်တွင် ရောက်ရှိလာခဲ့ရာ ယင်းမှာ ချီလီနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်လာကြောင်း သိရသည်။

အသစ်ရောက်ရှိလာသော ကာကွယ်ဆေးများကို ချီလီနိုငံ ဆန်တီယေဂိုလေဆိပ်၌ ကျန်းမာရေးဝန်ကြီး Enrique Parisနှင့် ဒုတိယဝန်ကြီး Paula Daza တို့က ကြိုဆိုလက်ခံခဲ့သည်။“ တရုတ်နိုင်ငံဆီက ကိုဗစ် ကာကွယ်ဆေး အသစ်တစ်သုတ်ကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးအများအပြားထိုးနှံခြင်းအစီအစဉ်ကို ဆက်လုပ်သွားမှာပါ” ဟု ဝန်ကြီး Paris က ဆိုသည်။

ချီလီနိုင်ငံသမ္မတ Sebastian Pinera က ဖေဖော်ဝါရီ ၁၂ ရက်တွင်  တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် တွေ့ရစဉ်(ဆင်ဟွာ)

ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို နိုင်ငံအတွင်းရှိ ထိခိုက်လွယ်သည့် လူအုပ်စု ၈၀ ရာခိုင်နှုန်းကို ဇွန် ၃၀ မတိုင်မီ ကာကွယ်ဆေးအပြီးထိုးပေးကာ ပြည်သူများအကြား ကိုယ်ခံအားစနစ်ရရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Daza ကဆိုသည်။

ချီလီနိုင်ငံသမ္မတ Sebastian Pinera က ဖေဖော်ဝါရီ ၁၂ ရက်တွင်  တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် တွေ့ရစဉ်(ဆင်ဟွာ)

ဧပြီ ၁၀ ရက်အထိ ချီလီနိုင်ငံတွင် လူပေါင်း ၇,၃၅၄,၈၂၆ ဦးကို ကာကွယ်ဆေးထိုးနှံပေးထားပြီး ယင်းတို့အနက် ၄,၆၄၃,၀၈၂ ဦးမှာ ဆေးနှစ်ကြိမ် စလုံးထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးပြီးသော အသက် ၆၀ နှစ်အထက် ပြည်သူ ၂,၉၄၂,၈၉၈ ဦး မှာ ကိုယ်ခံအားစနစ်ရရှိထားပြီးဖြစ်ရာ ယင်းလူအုပ်စုတွင် ဆေးရုံတက်ရောက်ကုသမှုခံယူရခြင်း နှင့် သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချီလီနိုင်ငံသမ္မတ Sebastian Pinera က ဖေဖော်ဝါရီ ၁၂ ရက်တွင်  တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် တွေ့ရစဉ်(ဆင်ဟွာ)

ချီလီနိုင်ငံသမ္မတ Sebastian Pinera က ဖေဖော်ဝါရီ ၁၂ ရက်တွင်  တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် တွေ့ရစဉ်(ဆင်ဟွာ)

ချီလီနိုင်ငံတွင် Sinovac ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲရန် ဇန်နဝါရီ ၂၀ ရက်တွင် အတည်ပြုချက်ပေးခဲ့သည်။ ချီလီနိုင်ငံ၏ ကာကွယ်ဆေးအများအပြား ထိုးနှံခြင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ခဲ့ခြင်းနှင့်အတူ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံအတွင်းရှိ ပြည်သူ ၁၉ သန်းအနက် ၁၅ သန်းတွင် ကိုယ်ခံအားစနစ်ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)
———————————————-
(English Version)

Chile receives new shipment of Chinese-made COVID-19 vaccines

SANTIAGO, April 10 (Xinhua) — A new batch of CoronaVac vaccine from China’s Sinovac arrived in Chile on Saturday to become part of the country’s vaccination campaign against the COVID-19.

The shipment was received at Santiago Airport by Chilean Health Minister Enrique Paris and Deputy Health Minister Paula Daza.
“We are receiving a new shipment of vaccines from China. Therefore, we will continue with our mass vaccination campaign,” Paris said.

Daza said the vaccination program would continue until herd immunity was hopefully reached by June 30, with the vaccination of 80 percent of the susceptible population.
To date, Chile has vaccinated 7,354,826 people, of which 4,643,082 have already received both doses.

Up to 2,942,898 people aged 60 and above have been immunized, contributing to fewer hospitalizations and lower mortality in the age group.
The Sinovac vaccine was approved for emergency use in Chile on Jan. 20.
Chile’s mass vaccination program began on Feb. 3 with the aim of immunizing 15 million of the 19 million people in the country
during the first half of 2021. Enditem

Chilean President Sebastian Pinera receives the COVID-19 vaccine developed by Chinese firm Sinovac at a health center in Futrono, a city in the southern region of Los Rios, Chile, Feb. 12, 2021. (Chilean Presidential Palace/Handout via Xinhua)

Chilean President Sebastian Pinera shows his vaccination record after receiving the COVID-19 vaccine developed by Chinese firm Sinovac at a health center in Futrono, a city in the southern region of Los Rios, Chile, Feb. 12, 2021. (Chilean Presidential Palace/Handout via Xinhua)