ကိုလံဘို၊ နိုဝင်ဘာ၁၉ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက နိုင်ငံအတွင်းရှိ အသက် ၆၀ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ (COVID-19) ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်း စတင်ခဲ့ကြောင်း သိရသည်။ အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံ အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ ပြည်နယ်များ၊ Anuradhapura နှင့် Ampara ခရိုင်များ၌ နိုဝင်ဘာ...
တိုကျို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အား အစောဆုံးအဖြစ် လာမည့်နှစ် ဖေဖော်ဝါရီလတွင် အသက် ၁၂ နှစ်အောက်အရွယ် ကလေးငယ်များကို တိုးချဲ့ထိုးနှံပေးရန်စီစဉ်ထားကြောင်း နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းရှိ မြူနီစီပယ်ဒေသများတွင်...
တိုကျို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတောင်ပိုင်း၊ ကာဂိုရှီးမားစီရင်စုရှိ Izumi မြို့၌ ကြက်မွေးမြူရေးခြံတစ်ခုတွင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသော ကြက်ငှက်တုပ်ကွေးရောဂါကြောင့် မွေးမြူထားသည့် ကြက်အကောင်ရေ ၄၀,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်က ကြေညာချက်...
ကင်ဘာရာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံသည် မတ်လတွင် ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန်ဖြစ်ပွားမှုကို ကြုံတွေ့ရနိုင်သည်ဟု သြစတြေးလျ ထိပ်တန်းကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူက သတိပေးခဲ့သည်။ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်ဆေးရုံ၊ ကူးစက်ရောဂါဌာနခွဲမှ အကြီးတန်းအတိုင်ပင်ခံ Dale Fisher က သြစတြေးလျနိုင်ငံသားများသည် အခြားသော ကာကွယ်ဆေးများထိုးနှံထားသော နိုင်ငံများ၏ အတွေ့အကြုံများပေါ်မူတည်၍ လာမည့်...
ကိုပင်ဟေဂင်၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဥရောပဒေသတွင်း ၅၃ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားလာမှုက စိုးရိမ်ဖွယ်ရှိနေကြောင်း၊ ၎င်းဒေသများတွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှု ဗဟိုချက် တစ်ကျော့ပြန် ဖြစ်လာနိုင်သည်ဟု ကိန်းဂဏန်းများတွင် ဖော်ပြထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Hans Klugeက နိုဝင်ဘာ ၄ ရက်က ဒိန်းမတ်နိုင်ငံ...
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသည့် တက္ကသိုလ်ဝင်တန်းကျောင်းသားများကို လာမည့် သီတင်းပတ်နှစ်ပတ်နောက်ပိုင်းတွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ကွာရန်တင်းစင်တာများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် ကိုရီးယားအထက်တန်းကျောင်းသူ၊ ကျောင်းသားများအတွက် ကံကြမ္မာအခိုက်အတန့်ဖြစ်နိုင်သည်။ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသား ဦးရေ ၅၁၀,၀၀၀ ခန့်သည် နိုဝင်ဘာလ...
တီဟီရန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian သည် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြပြီးနောက် ၎င်းသည် သီးသန့်ခွဲနေထိုင်လျက်ရှိကြောင်း နိုဝင်ဘာ ၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနက အတည်ပြုခဲ့သည်။ “သူ့ရဲ့ အထွေထွေကျန်းမာရေးအခြေအနေက ကောင်းမွန်ပြီး နေ့စဉ်အလုပ်တွေကို...
တိုကျို၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၁ ရက်က ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၈၆ ဦးရှိကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ကာလတစ်လျှောက်ပထမဆုံးအကြိမ် နေ့စဉ်ထပ်တိုးလူနာ ၁၀၀ အောက် ကျဆင်းခဲ့ခြင်းဖြစ်ရာ အတည်ပြုလူနာ စုစုပေါင်း ၁,၇၂၂,၆၀၃ ဦးရှိပြီး ထပ်တိုးသေဆုံးသူ ၇...
ကိုင်ရို၊နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်အစိုးရက အီဂျစ်အစိုးရသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေးအသုတ်သစ်သည် ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၁ ရက်တွင်ရောက်ရှိခဲ့ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဤကာကွယ်ဆေးအသုတ်သည် အီဂျစ်-တရုတ် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ တရုတ်အစိုးရက ကူညီပံ့ပိုးပေးကြောင်း ထိုနေ့တွင် အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အီဂျစ်ပိရိမစ်အွန်လိုင်းဝဘ်ဆိုဒ်နှင့်...
ပေကျင်း ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်း(RCSC)က ရောဂါကူးစက်မှုအသစ်များ ရင်ဆိုင်နေရသည့် ပြည်နယ်အဆင့် ဒေသ ၅ ခုအား COVID-19 ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၁၇ ရက်မှစ၍ ရွက်ဖျင်တဲ ၃၀၀ ၊ အိပ်ရာခင်း ၃,၇၀၀ နှင့်...