Connect with us

News

မြန်မာနိုင်ငံတွင် တရားမဝင်သစ်လုပ်ကိုင်သူ ၂၂ ဦး ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတဝှန်း သစ်မှောင်ခိုမှုတွင် ပါဝင်ပတ်သက်သည့် တရားခံ ၂၂ဦးအား ဖမ်းဆီးခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာက ဧပြီလ ၂၅ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။ယခုနှစ် ဧပြီလ ၈ ရက်မှ ဧပြီလ ၂၁ ရက်နေ့အထိ ကျွန်းသစ် ၆၃၇ ဒသမ ၆၅ တန်ကျော်၊ မော်တော်ယာဉ် နှင့် စက်ယန္တရား၁၂ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ သိမ်းဆည်းရမိသော သစ်များသည် ကျွန်းသစ် ၅၂ ဒသမ ၉၆ တန်၊ သစ်မာ ၁၆၄ ဒသမ ၂၅ တန်ကျော်နှင့် အခြားသစ်အမျိုးအစား ၄၂၀ ဒသမ ၄၃ တန်ကျော်တို့ ပါဝင်ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်ခိုးထုတ်မှုနှင့် သစ်တောထွက်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှုများကို နှိမ်နင်းဖမ်းဆီးလျက်ရှိကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.