Connect with us

Agriculture

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ မျိုးစေ့ဘဏ်ဌာနစုတွင် သီးနှံမျိုးစိတ်ပေါင်း ၄၀ ကျော် နှင့် ဗီဇကွဲမျိုးပေါင်း ၁၂,၀၀၀ ကျော်ကို သိမ်းဆည်းထားကြောင်းဆို

တောင်သူတစ်ဦးထွန်ယက်စိုက်ပျိုးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ မျိုးစေ့ဘဏ်ဌာနစုတွင် သီးနှံမျိုးစိတ်ပေါင်း ၄၀ ကျော် နှင့် အဆိုပါမျိုးစိတ်များ၏ ဗီဇကွဲမျိုးပေါင်း ၁၂,၀၀၀ ကျော်ကို တောင်သူများလိုအပ်ပါက ထုတ်ပေးရန်နှင့် သုတေသနလုပ်ငန်းများအတွက် သိမ်းဆည်းထားကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်ဌာနစု မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းစံသိန်း က ဆင်ဟွာသို့ နိုဝင်ဘာ ၆ ရက်တွင်ပြောသည်။

“မျိုးစိတ် ပေါင်း၄၀ကျော် မှာ ဗီဇကွဲမျိုးပေါင်း ၁၂,၀၀၀ ကျော်ရှိတယ်။ အဲဒါတွေ ကို ကျွန်တော်တို့ က လူတွေမှာမှတ်ပုံတင်ထားသလို သူ့နံပါတ်၊ သူ့နာမည်တွေ ကို QR Code တွေလုပ်ထားတယ်။ စပါးဆို လည်း စပါးမှာ ဗီဇကွဲပေါင်းများစွာရှိတယ်။ ထိန်းသိမ်းထားတဲ့ မျိုးတွေကို မျိုးကူးစက်သူလိုရင်ထုတ်ပေးတယ်။ သူတို့ က လိုတဲ့အမျိုးကို တောင်းတယ်။ ဥပမာ-အမျိုးပေါ်လိုက်ပြီး အရပ်မြင့်တာလိုချင်ရင် အရပ်မြင့်တာ ဆိုပြောတယ်။ အဲဒါကို မျိုးစေ့ဘဏ်က ပေးလိုက်တယ်။ တကယ်လို့ လယ်သမားတွေက ရှေးခေတ်က မျိုးတွေပြန်စိုက်ချင်တယ် ဆိုရင်လည်း ကျွန်တော်တို့ က ကျွန်တော်တို့ မျိုးစေ့ဘဏ်မှာထိန်းသိမ်းထားတဲ့အတွက် မျိုးစေ့ဘဏ်မှာရှိရင် တောင်သူတွေ ကိုပေးလိုက်တယ်’’ ဟု ဖြည့်စွက်ပြောကြားသည်။

သီးနှံပင်များ မျိုးကောင်းမျိုးသန့်နှင့် မျိုးရိုးဗီဇအားသိရှိရန် မျိုးစေ့ဘဏ်သို့ မျိုးစေ့ဝင်ရောက်သည်မှ အသုံးပြုမည့် တောင်သူများဆီသို့ ဖြန့်ဝေပေးခြင်းအထိ QR Code နံပါတ်များ ထားရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထိန်းသိမ်းထားသည့် မျိုးစေ့များအား သုတေသန ပြုလုပ်ရန်လိုအပ်ပါက သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ မျိုးစိတ်များနှင့် ဗီဇကွဲမျိုးများအား မျိုးစေ့ဘဏ်၌ ထိန်းသိမ်းရာတွင် နည်းပညာ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ကိုယ်ပိုင် Data Collection Software အား ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.