Connect with us

Culture & Entertainment

ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံတွင် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်နိုင်ရေး မြန်မာ ကြိုးပမ်းမည်

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဘာရိန်းနိုင်ငံ မနားမားမြို့၌ ဇွန် ၂၄ ရက်မှ ဇူလိုင် ၄ ရက်အထိ ကျင်းပနေသော (၄၂)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်နိုင်ရေး မြန်မာ ကြိုးပမ်းမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်းညီလာခံသို့ တက်ရောက်သည့် မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်စား လှယ် အဖွဲ့များက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်း ထားခြင်းနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားခြင်း၊ ပုဂံဒေသအမွေ အနှစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ဝေငှခြင်း၊ ယူနက်စကို ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နှင့် ပူးပေါင်း၍ ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်အဖြစ် ထောက်ခံပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရှင်းလင်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရှိရသည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအတွင်း ယူနက်စကိုညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် အဆိုပြုစာတွဲ Nomination Dossier(Complete)ကို ကမ္ဘာ့အမွေအနှစ်ဗဟိုကော်မတီသို့ ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် အပြီးသတ်တင်သွင်းထားကြောင်း သိရှိ ရပြီး International Council on Monuments and Sites (ICOMOS) က ယခုနှစ် စက်တင်ဘာလတွင်လာ ရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.