Connect with us

Culture & Entertainment

ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်တင်သွင်းရေး အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးအတွက် လုပ်ငန်းများဖြစ်သည့် ပုဂံဒေသနှင့် ပတ်သက်သည့် စံနှုန်းသတ်မှတ်ချက်များ၊ အဆိုပြုစာတွဲ (မူကြမ်း) ရေးသားပြီးစီးမှု၊ ပုဂံဒေသ ရေရှည်စီမံခန့်ခွဲမှု အစီအစဉ်(Management Plan) ရေးသားပြီးစီးမှု၊ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခြင်း ဆက်လက်ဆောင်ရွက်ရန် Time Frame များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

ယင်း အစည်းအဝေး၌ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးခြင်း၊ အောင်မြင်စွာ အကောင်အထည် ဆောင်ရွက်ရေး အတွက် ဖွဲ့စည်းထားသည့်ကော်မတီ၊ ဆပ်ကော်မတီများ ဆက်စပ် ပူးပေါင်းပေးခြင်း၊ လိုအပ်သည့် အဆုံးအဖြတ်များ ချမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ၂၀၁၄ခုနှစ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုနှစ် စက်တင်ဘာလကုန်တွင် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေး အဆိုပြု စာတွဲ(မူကြမ်း) ရေးသားတင်ပြ ရမည်ဖြစ်ပြီး၊ ရေရှည်စီမံခန့်ခွဲမှုအစီအစဉ်များ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ် ထိန်းသိမ်းရေး အစီအစဉ်များ၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှုကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှု မဖြစ်စေရန် အလေးထား ကာကွယ်ထိန်းသိမ်းမည့် အစီအစဉ်များကိုပါ ရေးဆွဲတင်ပြရ မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.