Connect with us

Culture & Entertainment

နော်ေ၀ နိုင်ငံ ရောက်ရှိနေသည့် ကုန်းဘောင်ခေတ် နှောင်းပိုင်း လက်ရာ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် ၁ ဆူအား မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်

မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်အား နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ဝန်ကြီးမှ ပြန်လည် လွှဲပြောင်း ပေးအပ်စဉ်(ဓာတ်ပုံ- Ministry of Religious Affairs and Culture)

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

နော်ဝေနိုင်ငံတွင် ရောက်ရှိနေသည့် ကုန်းဘောင်ခေတ် နှောင်းပိုင်း လက်ရာ မြန်မာ့ ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော် ၁ ဆူအား နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Borge Brenda က သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ထံသို့ ဇူလိုင် ၆ ရက်တွင် ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၁ ခုနှစ်အချိန်က နော်ဝေနိုင်ငံသို့ ရောက်ရှိနေသည့် ကုန်းဘောင်ခေတ် နှောင်းပိုင်း လက်ရာ ဗုဒ္ဓ ဆင်းတုတော်ကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခြင်းသည် နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးချစ်ကြည်မှုတို့ အတွက် ကောင်းမွန်သော သာဓကတစ်ခုဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်းများအတွက် ဥပမာကောင်း တစ်ခု ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြန်လည် လွှဲအပ်ပေးသည့် ဗုဒ္ဓဆင်းတုတော်ကို အမျိုးသားပြတိုက် (နေပြည်တော်) ရှိ မကြာခင် ခင်းကျင်း ပြသမည့် ဗုဒ္ဓပြခန်းများတွင် ထားရှိ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရှေးဟောင်းဗုဒ္ဓ ဆင်းတုတော် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိရေးအတွက် စီစဉ်ပေး ကြသည့် နော်ဝေနိုင်ငံ အစိုးရ နှင့် ယူနက်စကိုတို့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ၊ နောင်အနာဂတ်တွင် နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား ရင်းနှီးခင်မင်မှုနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.