Connect with us

Culture & Entertainment

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အထင်ကရ စေတီဘုရား ၁၀ ဆူ၌ တရုတ်နိုင်ငံနည်းပညာဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်စနစ် တပ်ဆင်မည်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက် နေဝင်ဆည်းဆာချိန်က မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပြောကြားချက်အရ ဧပြီလမှစ၍ သုံးလအတွင်း ရန်ကုန်မြို့ရှိ အထင်ကရ စေတီဘုရား ၁၀ ဆူ၌ တရုတ်နိုင်ငံနည်းပညာဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) စနစ်ကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ဧပြီ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ စေတီဘုရား ၁၀ ဆူမှာ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီ၊ လောကချမ်းသာအဘယလာဘမုနိ ကျောက်တော်ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက်ကလော့စေတီ၊ ကျိုက္ကဆံစေတီ၊ ကမ္ဘာအေးစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ သန်လျင်ကျိုက်ခေါက်စေတီနှင့် တွံတေးရွှေဆံတော်စေတီတော်တို့ဖြစ်သည်။

ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်စနစ် တပ်ဆင်ခြင်းအားဖြင့် ခရီးသွားများအတွက် ဘုရားသမိုင်းနှင့် ဘုရားဖူး လမ်းညွှန်အသေးစိတ်အချက်အလက်များကို လေ့လာကြည်ညိုနိုင်စေရန် ကူညီပေးနိုင်မည်ဖြစ်သည့်အတွက် ပြည်ပခရီးသွားအရေအတွက် မြင့်တက်လာနိုင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သည်။

ရန်ကုန်မြို့တွင် အထင်ကရစေတီဘုရားပေါင်း အဆူ ၃၀ ရှိကြောင်း၊ အထက်ပါ စေတီဘုရား ၁၀ ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်စနစ်များတပ်ဆင်ပြီးနောက် ကျန်ရှိသောစေတီဘုရားများတွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ဧပြီလ ၁ ရက်အထိ ရွှေတိဂုံစေတီတော်၏ အရပ်လေးမျက်နှာ၌ ဘုရားသမိုင်းနှင့် ဘုရားဖူး လမ်းညွှန်များ တပ်ဆင်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..

Myanmar to install pagoda digital directory using Chinese technology
YANGON, April 24 (Xinhua) — Myanmar is set to install a pagoda digital directory using Chinese technology in 10 prominent pagodas across Yangon, according to a statement released by the Chinese Embassy in Myanmar on Wednesday.
The installation will commence in April and continue for three months, the statement said.
Installing the pagoda digital directory, which provides detailed historical information and directions for visitors, can boost the number of foreign visitors to pagodas, the statement said.
Out of the 30 famous pagodas in Yangon, 10 will initially receive the pagoda digital directory system, with plans to expand to the remaining pagodas later. Currently, the digital directory has been installed at all four entrances of Shwedagon Pagoda, it added.
Photo: This photo taken on Sept. 1, 2022 shows the sunset behind Shwedagon Pagoda in Yangon, Myanmar. (Photo by Myo Kyaw Soe/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.