Connect with us

Education & Health

ကျန်းမာရေး ဝန်ကြီးဌာနသို့တပ်မတော်ပိုင်းမှ အရာရှိများ ပြောင်းရွှေ့နေရာချထားပေးခြင်း အစီအစဉ် ရပ်ဆိုင်း

ကျန်းမာရေးဝန်ကြီးဌာန အမှတ်တံဆိပ် (ဓာတ်ပုံ- ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ကျန်းမာရေး ဝန်ကြီးဌာနတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ လွှဲပြောင်းပေးလိုက်သည့် တပ်မတော်ပိုင်းမှ အရာရှိများကို ပြောင်းရွှေ့ချထားပေးမည့် အစီအစဉ်ကို ကန့်ကွက်မှုများကြောင့် ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ဘဲ ရပ်ဆိုင်းလိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

တပ်မတော်မှ အရာရှိများကို ကျန်းမာရေး ဝန်ကြီးဌာနသို့ ရွှေ့ပြောင်း တာဝန်ချမည့်အစီစဉ် ဆက်လက် မလုပ်ဆောင်ရခြင်းမှာ အများစုမှ လက်မခံနိုင်သည့်အတွက် ရပ်ဆိုင်း လိုက်ရခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှတဆင့် ဆရာဝန်များသိရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ လွှဲပြောင်းပေးလိုက်သည့် အရာရှိများကို ကျန်းမာရေး ဝန်ကြီးဌာန ကုသရေး ဦးစီးဌာနအောက်ရှိ အမည်နှင့် ယှဉ်တွဲပါ ရာထူးဌာနများတွင် အလုပ်တာဝန်များ စတင်ထမ်းဆောင်သည့်နေ့မှစ၍ ခန့်ထားလိုက်သည်ဟု ပါရှိသည့် အမိန့်ကြေငြာစာသည် လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် ပျံ့နှံသွားခဲ့ပြီးနောက် နေရာဒေသ-အသီးသီးတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်များက ဖဲကြိုးအမည်း တပ်ဆင်၍ Black Ribbon Movement Myanmar 2015 ဟူသည့် အမည်ဖြင့် Campaign ပြုလုပ်ပြီး လူမှုကွန်ရက် Facebook စာမျက်နှာများမှ တဆင့် ကန့်ကွက်မှုများ အရှိန်မြင့်တက် လာပြီးနောက် ယခုကဲ့သို့ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.