Connect with us

Education & Health

ပြည်ပမှ အသားတင်သွင်းမှု စိစစ် ခွင့်ပြုပေးလျက်ရှိ ဟုဆို

အသားငါးပို့ကုန် အအေးခန်းတစ်ခုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-မွေးရေ/ကျေးလက် ဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ပည်ပမှ ပြည်တွင်းသို့ အသားများ တင်သွင်းနိုင်ရန် အတွက် မြန်မာနိုင်ငံ အသား စိစစ်ရေး အဖွဲ့အား ဖွဲ့စည်းထားပြီး၊ အသား တင်သွင်းမှုများကို ခွင့်ပြု ဆောင်ရွက်ပေးလျက် ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

မွေးမြူရေး ၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ၊ မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်သူများ ပါဝင်သည့် မြန်မာနိုင်ငံ အသား စိစစ်ရေး အဖွဲ့အား ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အသား တင်သွင်းခွင့်အား စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ခွင့်ပြုပေးထားခြင်း ဖြစ်ပြီး၊ ပြည်ပမှ တင်သွင်းသည့် အသားများသည် စားသုံးရန် သင့်မသင့်၊ အဟာရဓာတ် ရှိမရှိ နှင့် ၊ ရက်လွန်အသားများ ပြည်တွင်းသို့ မဝင်ရောက်နိုင်ရေး စသည်တို့ကို စိစစ်လျက် ရှိကြောင်း သိရသည်။

မွေးမြူရေး ၊ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာ ခင်ဇော်က “ပြည်ပကနေ အသားတွေ တင်သွင်းတာကို လွတ်လွတ်လပ်လပ် ခွင့်ပြုပေးထားတာမျိုး မဟုတ်ဘူး။ သေချာ စိစစ်ပြီးမှ ခွင့်ပြုပေးနေတာပါ။ တင်သွင်းတဲ့ အသားတွေထဲမှာမှ ကြက်သားကို တခြားအသားထက် ပိုပြီးစိစစ် ပေးပါတယ်။ မြန်မာနိုင်ငံမှာက ကြက်သား စားသုံးမှု ရာခိုင်နှုန်းများတဲ့ အတွက် ပိုစိစစ်ရတာပါ’’ ဟုပြောသည်။

ပြည်ပမှအသားများ ပြည်တွင်းသို့ တင်သွင်းမှုကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည့် အသားတင်ပို့ ရောင်းချမှုဆိုင်ရာ မူဝါဒများ၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည့် မူဝါဒများ၊ အာဆီယံမှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.