Connect with us

Education & Health

H1N1 မပြန့်ပွားရေး အရေးကြီး အဆိုအား လွှတ်တော်က ဆွေးနွေးရန် လက်ခံ

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီဝင် ဦးသိန်းထွန်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် H1N1 ဆိုင်ရာ အရေးကြီး အဆိုအား ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ “ရာသီ တုပ်ကွေးရောဂါ (seasonal influenza A (H1N1) 2009 နှင့် ပတ်သက်၍ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန်နှင့် အသေအပျောက်နည်းပါးရေးအတွက် လူနေ ထူထပ်သော ကျောင်း၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံ၊ ရထား၊ ဘတ်စ်ကား၊ သင်္ဘောဆိပ်၊ လေဆိပ် များအထိ ပညာပေးရေး လုပ်ငန်း ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အရေးကြီး အဆို နှင့် ပတ်သက်ပြီး အဆိုရှင် ဦးသိန်းထွန်းက — H1N1 ဝေဒနာရှင် ၃၀ ဦးတွင် ခြောက်ဦး သေဆုံးခြင်းသည် သေဆုံးမှု ၂၀ ရာခိုင်နှုန်း ဖြစ်သောကြောင့် စိုးရိမ်စရာဖြစ်ကြောင်း၊ သာမန်တုပ်ကွေး ရောဂါ ထင်ပြီး နောက်ကျမှ ဆေးရုံရောက်ကြသည်ဟု ယူဆရသဖြင့် ပညာပေးလုပ်ငန်းများကို လူစုလူဝေးများရာနေရာတို့တွင် လူထုပညာပေး အစီအစဉ်ဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ပြည်သူ လူထုအား သတင်းစာ၊ တီဗီ၊ ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် Myanmar CDC Facebook တို့တွင် တင်ထားရုံဖြင့် မလုံလောက်ပါကြောင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မျက်နှာဖုံးများ ဝေငှခြင်း၊ ကျောင်း၊ ရုံး၊ စက်ရုံများတွင် ဟောပြောပွဲများ ပြုလုပ်စေခြင်း၊ ရပ်ကွက်ကျေးရွာများတွင် နွေရာသီမီးဘေး ကြိုတင် ကာကွယ်ရေး နှိုးဆော်သကဲ့သို့ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သင့်ကြောင်း ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုအရေးကြီး အဆိုကို မိုင်းပန်မြို့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်မိုးက ထောက်ခံပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုအဆိုကို ဆွေးနွေးလိုသူ ကိုယ်စားလှယ်များသည် ဇူလိုင် ၃၁ ရက် တနင်္လာနေ့ ညနေ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းကြရန် ကာ သြဂုတ်လ ပထမပတ်အတွင်း ဆွေးနွေးနိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.