Connect with us

Education & Health

ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်စည်ပင် သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာန ရုံးခန်း၌ သောက်သုံးရေ အဆိပ်သင့်မှုဖြစ်ပွား

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်စည်ပင် သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာန ရုံးခန်း၌ သောက်သုံးရေ အဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ၀၈း၃၀ နာရီ အချိန်၌ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ကျေးရွာရှိ နေပြည်တော်စည်ပင် သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန ရုံးခန်း၌ထားရှိသည့် လှိုင် သောက်ရေသန့်တံဆိပ်ပါ ရေသန့်ဗူးတပ်ဆင်ထားသော Water Cooler မှ ရေအား အဆိုပါရုံးမှဝန်ထမ်း ကျော်ဇင်လင်း၊ (၂၁)နှစ်မှ သောက်သုံးစဉ် ရေမှာ“ခါး”ကြောင်း ပြောဆို သဖြင့် အဆိုပါဌာန ရုံးအကူ ဒေါ်ကြည်သက်ဝင်း၊ (၄၁)နှစ်နှင့် မဝင့်နေအောင်၊ (၂၇)နှစ် တို့ ၂ ဦးမှ အဆိုရေအား စမ်း၍ ငုံကြည့်ခဲ့ရာ ခါးနေသဖြင့် ထွေးထုတ်ခဲ့ကြောင်း၊ ၁၀း၃၀ နာရီ အချိန်တွင် အဆိုပါ ရေအား သောက်သုံးခဲ့သူ ကျော်ဇင်လင်း ပါ ၃ ဦးမှာ အော့အန်ခဲ့ပြီး ကျော်ဇင်လင်းမှာ တစ်ကိုယ်လုံး အေးစက်လာပြီး မလှုပ်နိုင်တော့သဖြင့် ၁၃း၄၅ နာရီ အချိန်တွင် ၎င်းတို့ ၃ ဦးအား နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင် ကုသခဲ့လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

စိစစ်ချက်များအရ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ၁၅း၀၀ နာရီ အချိန်တွင် အဆိုပါဌာနမှ ဒုတိယ တိရစ္ဆာန်ဆေးကုမှူး ဒေါက်တာ အောင်မြင့်ဇော်၊ (၃၅)နှစ်မှ ကျော်ဇင်လင်းအား ကြွပ်ကြွပ်အိတ် ဖြင့် ထုပ်ထားသော ခွေးသတ်ရန် အဆိပ်လူးထားသည့် အမဲသား ၂၀ ကျပ်သားခန့်အား Water Cooler အောက်ရှိ အအေးခန်းထဲတွင် ထည့်သိမ်းခိုင်းခဲ့ကြောင်းသိရှိရပြီး ရုံးရှေ့ဝရန်တာရှိ လှိုင် သောက် ရေသန့် တံဆိပ်ပါ ၂၀ လီတာဆံ့ ရေသန့်ဗူး ၂ ဗူး အနက် ၁ ဗူးတွင် အဖုံးပလပ်စတစ်ပါကင် ပွင့်နေကာ ရေသန့်ဗူးအောက်ခြေတွင် အဖြူရောင်အမှုန့်များ တွေ့ရှိသဖြင့် ၎င်းရေသန့်ဗူးကို ချိပ်ပိတ်သိမ်းဆည်း ခဲ့ကြောင်းသိရှိရပြီး အရေးယူပေးရန် လာရောက်တိုင်တန်းပါက ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ချိပ်ပိတ်ထားသည့် ရေသန့်ဗူးအား ဓာတုဗေဒဝန်ရုံးသို့ ပို့ဆောင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.