Connect with us

Education & Health

ဝက်သက် ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်း စီစဉ် ဆောင်ရွက်မည်

ဝက်သက်ရောဂါ ဖြစ်ပွားမှု ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ - Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ရှိ ဝက်သက်ရောဂါ ဖြစ်ပွားမှု များပြီး ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုနည်းသော မြို့နယ်များကို ရွေးချယ်ပြီး ယခုလအတွင်း ဝက်သက် ရောဂါ ကာကွယ် ဆေးအပိုဆောင်းထိုးနှံခြင်း လုပ်ငန်း (Supplementary Immunization Activities) ကို စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရန်ရွက် စီစဉ်ထားသည့် နိုင်ငံတစ်ဝန်း အစုလိုက် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းမဆောင်ရွက်မီ လတ်တလော ဝက်သက် ရောဂါ အဖြစ်များသည့် မြို့နယ်များတွင် ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် Outbreak Response Immunization အနေဖြင့် ဝက်သက်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အမြန်ဆုံး စီစဉ် ဆောင်ရွက်သွားစေလိုကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ဝက်သက်ရောဂါအပါအဝင် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါများ နေရာကွက်ကြားဖြစ်ပွားမှုကို စနစ်တကျစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ယခုထက်ပိုမို အားဖြည့်ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ဝက်သက်ရောဂါ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၁ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)