Connect with us

Education & Health

အစိုးရ ရက်၁၀၀အတွင်း အခြေခံပညာကျောင်း ၃၃၁၂ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ဟုဆို

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ပညာရေးဝန်ကြီးဌာန၏ ရက် ၁၀၀အတွင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၃၃၁၂ ကျောင်း အဆင့်မြင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင် ခဲ့ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသော ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

အဆိုပါ ရက် ၁၀၀အတွင်း ကျောင်းအဆင့်တိုးမှုနှင့် ကိုက်ညီသောကျောင်း ၉၃၇ကျောင်း၊ သတ်မှတ်ချက် ဖြေလျှော့၍ ခွင့်ပြုခဲ့သောကျောင်း ၂၃၇၅ကျောင်း စုစုပေါင်း ၃၃၁၂ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ တနင်္သာရီ၊ ပဲခူး(အရှေ့)၊ ပဲခူး(အနောက်) ၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်)၊ ရှမ်း(အရှေ့)၊ ဧရာဝတီနှင့် နေပြည်တော် တို့ရှိ ကျောင်းများကို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ယင်း ပညာရေးဝန်ကြီးဌာန၏ ရက် ၁၀၀အတွင်း ကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း၊ ကျောင်းအပ်နှံရေး သတင်းတပတ်ကျင်းပခြင်း၊ ကျောင်းသန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ်လုပ်ဆောင်ခြင်း၊ ဘဏ်များနှင့်နီးစပ်သော အခြေခံကျောင်း ၁၇ကျောင်းနှင့် တက္ကသိုလ် ၅ခုမှ ဆရာ/ဆရာမများနှင့် ဝန်ထမ်း များကို ဘဏ်မှ လစာငွေလွှဲပေးခြင်း၊ ဝါရင့်ဆရာ/ဆရာမများအတွက် ပါရဂူဘွဲ့သင်တန်းတက်ရောက် နိုင်ရန် ဖြေလျှော့ပေးခြင်း၊ နည်းပညာနှင့် အသက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ လေ့လာသုံးသပ်၍ စီမံကိန်းများ ချမှတ်နိုင်ရန်အတွက် ဦးတည်ဆောင်ရွက်ခြင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍများတွင် ဆရာ/ဆရာမများ အတန်းဝင် သင်ကြားခြင်းကို အကဲဖြတ် ခြင်းနှင့် ကျောင်းပြင်ပ တသက်တာအတွက်ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.