Connect with us

Education & Health

အသုံးလုံး သင်တန်းကို ဧပြီလ ၁ ရက်မှ မေလ ၁၅ ရက် အထိ ဖွင့်လှစ် သင်ကြားမည်

စာမတတ်သူ ပပျောက်ရေး အသုံးလုံး သင်တန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ယခုနှစ် အသုံးလုံး သင်တန်းများကို အခြေခံပညာ ကျောင်းများရှိ ဒေသခံ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်၊ ကောလိပ် များမှ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် စုစုပေါင်း ၃,၅ဝဝ ကျော်ဖြင့် ဧပြီလ ၁ ရက်မှ စ၍ မေလ ၁၅ ရက်အထိ ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အသုံးလုံး သင်တန်းများကို မြစ်ကြီးနား၊ မြဝတီ၊ ပဲခူး၊ မိတ္ထီလာ၊ သပိတ်ကျင်း၊ သာကေတ၊ တာချီလိတ်၊ ကျုံပျော်၊ ညောင်ရွှေ၊ ဝါးခယ်မ၊ ပွင့်ဖြူနှင့် ပျဉ်းမနား မြို့နယ်တို့၌ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စာမတတ်သူ ပပျောက်ရေး စီမံချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် ၃ဝ ၌ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များ ကလည်း မြို့နယ် ၃ဝ တွင် ဖွင့်လှစ်ပေးခဲ့ရာ သင်ပြပေးသူ ဦးရေ ၃,၈၉၈ ဦးနှင့် သင်ကြားသူ ဦးရေ ၂၆,၈၆၆ ဦးတို့မှ တတ်မြောက်သူ ၂၄,ဝဝ၉ ဦး ရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.