Connect with us

Education & Health

ပြင်းထန် အဆုတ်ရောင် ရောဂါပိုးကာကွယ်ဆေး (PCV) ကာကွယ်ဆေး အသစ် ထည့်သွင်း ထိုးနှံခြင်း ဇူလိုင်လတွင် ဆောင်ရွက်မည်

ပုံမှန် ကာကွယ် ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေးအသစ် ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့် အသိပေး ဆွေးနွေးပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကလေးငယ်များကို ကူးစက်ရောဂါပိုး ကင်းဝေးစေရေး အတွက် ပုံမှန် ကာကွယ် ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေး အသစ် ဖြစ်သည့် ပြင်းထန် အဆုတ်ရောင် ရောဂါပိုးကာကွယ်ဆေး (PCV) ထည့်သွင်း ထိုးနှံခြင်း အစီအစဉ်အား ဇူလိုင်လတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကာကွယ်ဆေး အသစ် ပြင်းထန် အဆုတ်ရောင် ရောဂါပိုးကာကွယ်ဆေး (PCV) ထည့်သွင်း ထိုးနှံခြင်းဖြင့် နိုင်ငံ တစ်ဝန်းရှိ ကလေးငယ်များကို ကူးစက်ရောဂါ ကင်းဝေးစေရေး အတွက် ကာကွယ်ပေးနိုင်ပြီ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အတွင်းမှ ကာကွယ်ဆေး ရရှိသင့်သည့် ကလေးငယ် တစ်ဦးတစ်ယောက်မျှ ကာကွယ်ဆေးမရရှိဘဲ မကျန်ရလေအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြင်းထန်အဆုတ်ရောင် ရောဂါပိုး ကာကွယ်ဆေး (PCV) ကို နိုင်ငံတော်မှ တစ်နှစ်စာထည့် ဝင်ငွေ အမေရိကန် ဒေါ်လာ (၁.၁၈) သန်းကျော် အကုန်ကျခံ ထည့်သွင်းပြီး ထိုးနှံပေးခြင်း ဖြစ်ကြောင်း ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် နိုင်ငံတော် အစိုးရက ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် ကုန်ကျရန် လျာထားသည့် ငွေကြေးသည် အမေရိကန်ဒေါ် လာ (၆.၇) သန်းခန့် ရှိသောကြောင့် ကလေးတစ်ဦးလျှင် (၇) ဒေါ်လာခန့် ကုန်ကျခံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.