Connect with us

Education & Health

အလုပ်အကိုင် ရှာဖွေရေး website မှ ပညာရေး အတိုင်ပင်ခံ ဝန်ဆောင်မှု သင်တန်းများနှင့် ပူးပေါင်းကာ အခမဲ့ပို့ချ ပေးသွားမည်

work.com.mm ဝက်ဘ်ဆိုဒ်အားတွေ့ရစဉ် (ဓာတ်ပုံ- work.com.mm)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုပြီးသူများနှင့် ဘွဲ့ကြို ကျောင်းသားများ အတွက် လိုအပ်မည့် ပညာပေး အစီအစဉ်များကို work.com.mm အလုပ်အကိုင် ရှာဖွေရေး website မှ ပညာရေး အတိုင်ပင်ခံ ဝန်ဆောင်မှု သင်တန်းများနှင့် ပူးပေါင်းကာ အခမဲ့ပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများအား လူငယ်များအတွက် လုပ်ငန်းခွင် မဝင်မီ အရည်အချင်း ပြည့်ဝသော လူငယ်များ ဖြစ်လာစေရန် အွန်လိုင်း အလုပ်ရှာ ဝက်ဘ်ဆိုဒ်မှ မြန်မာလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း များရှာဖွေနိုင်ရန် လိုအပ်မည့် ပညာပေး သင်တန်းများ ဖွင့်လှစ်သင်ကြား စီစဉ်ပေးလျက် ရှိကြောင်း၊ ယင်းသင်တန်းတွင် မိမိအကြောင်း ဖော်ပြပေးသော စာကောင်း တစ်စောင် ရေးသားနည်း (cover letter) နှင့် အလုပ်အင်တာဗျူး ဖြေဆိုနည်း တို့အား သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာပေး သင်တန်းများကို တက္ကသိုလ်၊ ကောလိပ်များ၊ သင်တန်းကျောင်းများနှင့် အဖွဲ့အစည်းများတွင် သင်ကြားပေးလျက် ရှိပြီး သင်တန်းပို့ချ ပေးခြင်း အစီအစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားသော ကျောင်းများ၊ အဖွဲ့အစည်းများ ကိုလည်း ဖိတ်ခေါ်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.