Connect with us

Education & Health

နိုင်ငံတကာ ကျောင်းများမှ အခြေခံပညာ ကျောင်းများသို့ ကူးပြောင်း တက်ရောက်ခွင့် အတွက် Placement Test ကို နှစ်စဉ် စစ်ဆေး ပေးသွားမည်

International School တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ကျောင်းများမှ အခြေခံပညာ ကျောင်းများသို့ ကူးပြောင်း တက်ရောက်ခွင့် အတွက် Placement Test ကိုနှစ်စဉ် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

ထိုသို့ နှစ်စဉ် အခြေခံပညာ ကျောင်းများသို့ ကူးပြောင်း လျှောက်ထားမှုကို ဇူလိုင်လတွင် ဆောင်ရွက်ပြီး သြဂုတ်လတွင် ဝင်ခွင့်စာရင်း ထုတ်ပြန်ပေးလေ့ ရှိကာ သက်ဆိုင်ရာ ဘာသာရပ် အလိုက်ဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီး Placement Test ကိုတစ်နေ့လျှင် နှစ်ဘာသာ နှုန်းဖြင့် ဖြေဆိုရမည် ဖြစ်ပြီး တစ်ဘာသာလျှင် အမှတ် ၅ဝ နှုန်း သတ်မှတ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၁၉၉၅ ခုနှစ်မှ စတင် ဖွင့်လှစ်လာသည့် နိုင်ငံတကာ ကျောင်းများမှာ ကမ္ဘာ့အဆင့် ပညာရေးစနစ် အမျိုးမျိုးဖြင့် သင်ကြားခြင်း ဖြစ်ပြီး သင်ရိုး၊ သင်ကြားနည်း အမျိုးမျိုး ကွဲပြားကြသည်။

၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ကိုယ်ပိုင်ကျောင်းနှင့် ကောလိပ်ပေါင်း ၁၆ဝ ကျော်ရှိသည်။ ကိုယ်ပိုင်ကျောင်းများနှင့် ကောလိပ်များကို မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေ ပြဋ္ဌာန်းချက်များ ကိုက်ညီမှု အပေါ် မူတည်၍ စမ်းသပ်ကာလ အဖြစ် တစ်နှစ် သက်တမ်းကျောင်း၊ ကောလိပ်၊ ယာယီခွင့်ပြုချက် အရ နှစ်နှစ် သက်တမ်းကျောင်းနှင့် ငါးနှစ် သက်တမ်းကျောင်း ဟူ၍ ခွဲခြားဖွင့်လှစ် ခွင့်ပြုခဲ့ကြောင်း မြဝတီသတင်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.