Connect with us

Education & Health

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဇွန်လအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် ထူးချွန်လူငယ်အား ရွေးချယ်

ဇွန်လ အတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်ခဲ့သည့် မနော်ဒါးခူ၏ ကိုယ်ရေးအကျဉ်း (ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူး ဂုဏ်ပြု ထိုက်သူများအား ရွေးချယ်၍ ပြည်သူသို့ကျေးဇူးတင်လွှာများ ထုတ်ပြန်ရာတွင် ယခုနှစ် ဇွန်လ အတွက် ချီးကျူး ဂုဏ်ပြု ထိုက်သူ အဖြစ် ထူးချွန်လူငယ် မနော်ဒါးခူကို ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။

မနော်ဒါးခူသည် မွေးရာပါ ကိုယ်အင်္ဂါ ချို့တဲ့သူ ဖြစ်သော်လည်း ဘဝကို အလွယ်တကူ အရှုံးမပေးဘဲ ခိုင်မာသည့် စိတ်ဓာတ် ၊ ထက်သန်သည့် လုံလ ဝီရိယတို့ဖြင့် အများနည်းတူ ပညာ သင်ကြား အောင်မြင်ရေး နှင့် ဘွဲ့တစ်ခုခု ရရှိအောင် ကြိုးစားပြီး ဘွဲ့ရရှိပါက သင့်လျော်သည့် လုပ်ငန်း ဌာန တစ်ခုခုတွင် နိုင်ငံ တာဝန် ထမ်းရွက်မည် ဟူသော ရည်မှန်းချက် ချမှတ် ထားသူ ဖြစ်၍ ထိုကြိုးပမ်း အားထုတ်မှုများသည် မနော်ဒါးခူ ကဲ့သို့သော မသန်စွမ်း ကလေးသူငယ်များ အတွက် သာမက လူငယ်လူရွယ် ၊ ကျောင်းသား ကျောင်းသူများ အားကျ အတုယူဖွယ်ရာ ပြယုဂ် တစ်ခု အဖြစ် ဝမ်းမြောက်ဖွယ် တွေ့ရှိရကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
မနော်ဒါးခူ နည်းတူ နိုင်ငံသူ နိုင်ငံသားများ ၊ ပရဟိတ စေတနာရှင်များ ၊ လူမှုရေး အသင်းအဖွဲ့များ အနေဖြင့် နိုင်ငံ တည်ဆောက်ရေး အတွက် လိုအပ်ချက်များကို နိုင်ငံသား စိတ်ဓာတ်ကို အရင်းခံလျက် ကြိုးပမ်း ဖြည့်ဆည်း ဝိုင်းဝန်း ကူညီပေးကြရန် မေတ္တာရပ်ခံ၍ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် မည်သူ့တိုက်တွန်းချက်မှ မပါဘဲ အများအကျိုး ထမ်းပိုး သယ်ရွက်လိုသော စိတ်ရင်း စေတနာကို အခြေခံ၍ ကူညီမှု ဆောင်ရွက်နေသော အသင်းအဖွဲ့များ အနက် ရှင်သန်ရေး ကူညီမှု အသင်းအား မေလအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်၍ ကျေးဇူးတင်လွှာအား မေလ ၂၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.