Connect with us

Environment, Disasters & Accidents

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၄ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၄ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ၀၅း၄၅ နာရီ ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၂၅၂/၅-၆)ကြား၌ တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ ထွန်းထွန်းနိုင်(၄၅)နှစ် ကွက်သစ်ရပ်ကွက်၊ ပင်းတယမြို့နေသူ မောင်းနှင်လာသော 2E/×××× Fuso ၁၂ ဘီးယာဉ်သည် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ဦးသာရွှင်(၄၀)နှစ် မဲနယ်တောင်ကျေးရွာ၊ ပင်းတယမြို့နယ်နေသူ မောင်းနှင်သည့် 6G/×××× Dyna ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

၎င်းDyna ယာဉ်ပေါ်မှ ဦးထွန်းရွှေ(၅၀)နှစ်ပါ ၄ ဦး(ကျား ၃၊ မ ၁)တို့တွင် ဦးခေါင်း/နဖူးပေါက်ပြဲ၊ မျက်နှာစုတ်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မနန်းခင်ဇော်(၁၄)နှစ်ပါ မ ၄ ဦးတို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၁၂း၄၀ နာရီ အချိန်တွင် ထွန်းထွန်းနိုင်(ဖမ်းမိ)အား ရေဆင်းနယ်မြေရဲစခန်းယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.